ဂျုံနယ်စရာမလိုတဲ့ ပဲပလာတာလုပ်နည်း😋😋
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မွှေးဂျုံမှုန့်.... ၁ထုပ်
ကြက်ဥ... ၁လုံး
ဆား ....အနည်းငယ်
ရေ..... 250ml
သကြား ၅ဇွန်း
ပဲပြုတ်....၁၀ သား
ကြက်သွန်နီ..... ၅ လုံး (ပါးပါးလှီးထား)
အရင်ဦးဆုံး ပန်းကန်တလုံးထဲကို ဂျုံ ဆား သကြား ၃ဇွန်း ကြက်ဥတလုံးဖောက်ထည့် ရေနည်းနည်းချင်းစီ ထည့်ပြီ မွှေပေးပါ သမပြီဆိရင် ဆီတဇွန်းထည့်ပြီထပ်မွှေပါ
နာရီ ဝက်လောက် နှပ်ထားပြီး
အိုးထဲဆီထည့်ဆီပူလာရင် ကြက်သွန်နီထည့်ကြော်မယ် အဝါရောင်သန်းလာရင် ဆယ်ထား
အဲ့ဆီနဲ့ပဲဆီများနေရင် ခပ်ထုပ်ထားပါ
ဆီနည်းနည်းလေးပဲချန်ပြီ ပဲပြုတ်လေးထည့် သကြား၂ဇွန်း ဆားအနည်းငယ် ရေအနည်းငယ်ထည့်ပြီတည်ထားပါ ရေခန်းလာရင် ကြက်သွန်နီကြော်ထည့်မွှေ သမရင် ပန်းကန်ထဲထည့်ထား
မုန့်ရည်လေးကို မကပ်အိုးထဲတဇွန်းထည့်
မီးအေးအေး လေးနဲ့ မုန့်ရည်အသားတင်းလာရင် ပဲပြုတ်လေး အစာသွပ်ထည့်
လေးဘက်လေးတန်းခေါက်ပေးပြီ ပန်းကန်ထဲထည့်ထား
အားလုံးပြီကုန်ရင် ဆီနည်းနည်းလေးနဲ့ကြော်
တဖက်ချင်းစီကိုပြောင်းပြန်လှန်
အရောင်နည်းးနီလာရင် ရပါပြီနော်
ပန်းကန်ထဲညှပ်ထည့် ကြက်သွန်နီကြော်ဖြူး
