လေးနာရီလာ ရှစ်နာရီပျက် ပုံစံဖြင့် ဓာတ်အား ပြန်လည်ဖြန့်ဖြူးမည်
ယနေ့မှစတင်ကာ ရန်ကုန်တိုင်းရှိ မြို့နယ်များကို လေးနာရီလာ၊ရှစ်နာရီပျက်စနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးမှု ပြန်လည် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအကြောင်းကို ရန်ကုန်လျှပ်စစ်ဌာန(ရန်ကင်းမြို့နယ်)မှလည်း ပြန်လည်ဖော်ပြထားသည်။
ဖော်ပြထားချက်၌ A,B,C ၃ အုပ်စု ပြန်ဖြစ်သွားပါသဖြင့် ၄နာရီလာ ၈နာရီပျက် ဖြစ်မည်ဖြစ်ကြောင်း
အသိပေးအပ်သည်ဟု ဆိုသည်။
လက်ရှိတွင်လည်း ယခင်က လေးနာရီပျက်၊ လေးနာရီလာစနစ်ဖြင့် မီးပေးနေသည့် မြို့နယ်များတွင်လည်း ဓာတ်အားပြတ်တောက်နေသည်။
“လျှပ်စစ်ရုံးကို ဖုန်းဆက်မေးတော့မှ အဲလို ပြန်ဖြစ်သွားပြီပြောတယ်၊ အချိန်ဇယား ထွက်လာမယ်လို့လည်း ပြောတယ်” ဟု သာကေတတွင် နေထိုင်သူတစ်ဦးကဆိုသည်။
ထို့ကြောင့် လက်ရှိတွင် ရန်ကုန်ရှိ မြို့နယ်များသည် လေးနာရီလာ ရှစ်နာရီပျက်ပုံစံ ဖြင့် ဓာတ်အား ဖြန့်ဖြူးနိုင်ရန် စီစဉ်နေကြောင်း သိထားရသည်။
