4 w - Translate

🌼All Natural Houttuynia Cordata Moisture Suncream
နာမည်ကြည့်ပြီး ပြောရရင်တော့ အသားအရေကို moisture အလုံအလောက်ပေးမဲ့ moisturizing sunscreen အမျိုးအစားပေါ့။ သူ့မှာ Spf 50+ နဲ့ PA++++ ပါတယ်။
Fully chemical sunscreen ဖြစ်တဲ့အလျောက် သူ့မှာ broad spectrum chemical UV filters တွေရယ် ဒီ series ရဲ့အသက်လို့ပြောရမယ့် heartleaf extract🌱 100,000ppm(% အားဖြင့် 10%)ပါတယ်။ တခြား ingredients တွေဆိုရင် hydration & moisture ပေးမဲ့ cetearyl alcohol, centella asiatica, tocopherol, ceramide NP နဲ့ sodium hyaluronate တို့ ထည့်ပေးထားတယ်။ သူက drying alcohol, fragrance & essential oil free ဖြစ်တယ်။
Nyi နောက်ပိုင်းစမ်းဖြစ်တဲ့ sunscreen တွေထဲမှာ ဒါလေးက texture ဆန်းတဲ့ထဲ ပါတယ်။ ဘူးထဲက ညှစ်ထုတ်လိုက်ရင်တော့ ပျစ်ပျစ်လေးထွက်လာပေမဲ့ မျက်နှာပေါ် blend လုပ်လိုက်ရင် soft cream လို အသာလေးအိပျော်ပြီး စိမ့်ဝင်သွားတယ်။ Effortlessly ကို စိမ့်ဝင်တာနော်, အချိန်လုံးဝမယူဘူး။ Silicone တချို့ပါလို့ လိမ်းရတာ silicony ဖြစ်တဲ့ ခံစားချက်မျိုးရတယ်, အရမ်းတော့မဟုတ်ဘူး။ Texture က အဝါဖျော့ရောင်လေး💛နဲ့ အနံ့ကတော့ အမွှေးနံ့ထည့်မထားတဲ့ skincare အနံ့မျိုးပဲ။
Moisture အသားပေး sunscreen ဆိုတော့ လုံလောက်တဲ့အစိုဓာတ်ကတော့ ပေးနိုင်တယ်။ Oily skin နဲ့ အသားသိပ်မခြောက်တတ်တဲ့သူဆိုရင် moisturizer တောင် ကျော်လိုက်လို့ဖြစ်တယ်👌 ဒီ sunscreen နဲ့ပတ်သက်ပြီး Nyi သဘောအကျဆုံးအပိုင်းကတော့ သူ့ရဲ့ finish ပဲ။ Moisturizing ဖြစ်ပေမဲ့ အဆီတွေရွှဲမနေဘူး, ညက်ညက်မှုန်မှုန်လေးနဲ့ ဘိုဆန်တယ်။ Semi-matte နဲ့ natural finish ကြားလောက်လို့ ပြောရမလားပဲ။ စျေးအရလဲ 2သောင်းစွန်းစွန်းပဲမလို့ စျေးသင့်တယ် ​ဆိုရမယ်။
အမှန်အတိုင်းပြောရရင် sunscreen အဆင့်ဆိုတာကြောင့်လဲ ပါမယ်, သတိမထားမိတာကြောင့်လဲ ပါမယ်, ဒီ sunscreen ကို calming effect ပေးနိုင်တယ်လို့တော့ Nyi အနေနဲ့ မခံစားမိဘူး။ ဒါပေမဲ့ တာဝန်ကြေတဲ့ very solid sunscreen တခုလို့တော့ ပြောရဲတယ်။ 📌All skin types including acne prone & sensitive skin တွေကအစ စိတ်ချသုံးလို့အဆင်ပြေတယ်။ စျေးနှုန်းသင့်တင့်ပြီး သုံးလို့ကောင်းတာမျိုး ရှာနေတဲ့သူတွေအတွက်လဲ ဒါလေးက ရွေးချယ်စရာကောင်းတခု ဖြစ်ပါလိမ့်မယ်။

#crd
#skincarereview

image