တစ်ကျပ်တန်ပေးပြီး
တစ်ထောင်တန် တန်တဲ့ ပစ္စည်းကို
လိုချင်လို့ မရပါဘူး။
စျေးဝယ်လို့ပဲ ဖြစ်စေ။
ဆက်ဆံရေးဘဲ ဖြစ်စေ။
ချစ်ခြင်း မေတ္တာပဲ ဖြစ်စေ။
ပေးရင် ပေးသလောက်နဲ့ ပြန်ရမှာပါ...
အပေါ်ယံပေးရင် အပေါ်ယံ တံဆိတ်ကိုပဲ ပြန်ရမယ်။ အစစ်အမှန်ပေးရင်အစစ်အမှန်လဲ တဖက်တနေရာကနေ ပြန်လာပါတယ်။
တခါတလေ ကိုယ်ပေးဆပ်
အနစ်နာခံသလောက် တန်ပြန်သက်ရောက်မူမရှိဘူးလို့ ခံစားရတဲ့အချိန်မှာ လူပေးမှားတာလဲ ဖြစ်နိုင်သလို အတိတ်က ယူခဲ့တဲ့ ဝဍ်ကြွေးကြောင့်လဲ ဖြစ်နိုင်ပါတယ်။
တကယ်တမ်း ပေးပြီဆိုကတည်းက
တိုက်ရိုက်ပြန်ရတာပဲ ဖြစ်ဖြစ်
သွယ်ဝိုက်နဲ့ပြန်ရတာပဲ ဖြစ်ဖြစ်
တစ်ကျပ်ပေးရင်
တကျပ်တန်အကျိုးပေးပြီး
တစ်ထောင်တန်ပေးရင် တစ်ထောင်ဖိုး
အကျိုးပေးမယ်ဆိုတဲ့ တန်ရာတန်ကြေးတော့
ရှိနေစမြဲပါပဲ။
