4 w - Translate

100W charging နဲ့ 100x zoom ဆွဲနိုင်မယ့် Infinix Note 50 Pro+ ဖုန်း
Infinix စီးရီးထဲက ပရီမီယမ်အဖြစ်ဆုံးဆိုတဲ့ နောက်ဆုံးပေါ် Note Pro စီးရီး ထွက်လာပါတယ်။
Infinix Note 50 Pro+ က ဆန်းသစ်ကွဲထွက်တဲ့ဒီဇိုင်းနဲ့ လာတဲ့ ဖုန်းဖြစ်ပြီး အရင် Note 40 Pro+ နဲ့ တော်တော်ကြီး ကွဲထွက်လာပါတယ်။ ဒီဖုန်းမှာ MediaTek Dimensity 8350 Ultimate chipset ကို သုံးလာပြီး LPDDR 5X RAM 12GB နဲ့ UFS 4.0 256GB ပါပါတယ်။
screen size ၆.၇၈ လက်မ 144Hz AMOLED display ကို သုံးထားပြီး 1300 Brightness nits ၊ 5200mAh ဘက်ထရီတွေ သုံးလာပါတယ်။ AI နည်းပညာတွေအနေနဲ့ photo edit လုပ်ဖို့အတွက် AI Eraser နဲ့ AI Cutout , AI Writing , AI Note နဲ့ AI Wallpaper Generator တွေနဲ့အတူ Folax AI assistant သစ် ပါပါမယ်။ တိုက်ရိုက်ဖုန်းပြောတာကို ဘာသာပြန်နိုင်မယ့် Real-Time Call Translator ၊ Call Summary ၊ AI Auto- Answer နဲ့ Speech Enhancement တွေ ပါပါမယ်။
ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ပါ 50MP main Sensor ၊ 3x optical ၊ 6x lossless နဲ့ 100x ultimate zoom အထိ ဆွဲနိုင်မယ့် 50MP periscope telephoto နဲ့ 8MP Ultrawide lens တွေ တပ်ထားပါတယ်။ အရှေ့မှာတော့ 32MP selfie ကင်မရာ သုံးထားတာပါ။
Infinix Note 50 Pro+ ကို 100W wired charging ၊ 10W Wireless /7.5W reverse wireless charging တွေလည်း support ပေးထားပြီး ကြိုးနဲ့အားသွင်းရင် ၃၂ မိနစ်နဲ့ အားပြည့်မှာပါ။ ဆော့ဖ်ဝဲလ်ကိုတော့ Android 15 အခြေခံ XOS 15 နဲ့ လာပြီး 5.5G ကွန်ရက် support ပေးထားတယ်လို့ ဆိုပါတယ်။
Titanium Gray , Enchanted Purple နဲ့ Racing Edition သုံးရောင်နဲ့ လာပြီး 12GB/256GB ဗားရှင်းကို ဈေးကွက်ထဲ ဒေါ်လာ ၃၇၀ ဈေးနဲ့ ရောင်းချသွားမှာပါ။

image