23 w - Translate

ရေ မှာ မှတ်ဉာဏ်ရှိတယ် water memory လို့
ခေါ်တယ်။ molecule memory
မော်လီကျူးတွေ နဲ့ မှတ်တာလို့ ဆိုပါတယ်။

အဆိုးဆုံးတွေကို ဖြတ်သန်းပြီး မှတ်တမ်းတင်ထားခဲ့တဲ့ရေကိုသောက်မိရင် ကမ္မဇီဝရုပ်ကို
ထိခိုက်တယ်တဲ့။ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားတာမို့ အံ့သြမိပါတယ်။ ယူကျူ့ မှာ
နိုဘယ်ဆုရပုဂ္ဂိုလ်တဦးအပါအဝင် ပညာရှင်တွေ ဆွေးနွေးထားတာကိုတနာရီနီးပါး ကြည့်မိတယ်။ သိပ္ပံလွန် ကိစ္စတွေမို့ မယုံတတ်ခဲ့လို့ ဒီလို လေ့လာချက်တွေ တခါမှ မယုံခဲ့ဘူး။
အခုတော့ သိပ္ပံ နဲ့ ပြဿချက်တွေကြည့်ပြီး
နည်းနည်းယုံချင်ချင် ဖြစ်လာတယ်။

အိန္ဒိယက ဂုရုတပါးက ရေဟာ သူ့ကို ဖြစ်ညှစ်ပြီး
ပိုက်အဆင့်ဆင့် နဲ့ ထွန်းထုတ် တိုးထွက်လာရရင်
အဲ့ဒီရေဟာ သေလုမြောပါး ဖြစ်နေတဲ့ရေ၊
သောက်ဖို့ မသင့်တော်ဘူး။
မိနစ်နှစ်ဆယ်လောက်အနားပေးရမယ်တဲ့။
ရေတံခွန်တွေက စီးဆင်းလာတဲ့ရေဟာ ကိုင်ကြည့်ရင်
ပိုးလိုပဲနုညံ့တယ်တဲ့။ မော်လီကျူးတည်ဆောက်ပုံ
သေးငယ်သစ်လွင်တဲ့ရေတွေဟာ အသက်ရှည်အနာမဲ့တယ်။ ဟိမဝန္တာရေခဲမြစ်တွေက ကျလာတဲ့ရေတွေဟာ
အသက်ရှည်စေတယ်။ အေးမြစိမ်းစိုပြီး သန့်စင်တဲ့ရေပေါတဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံက လူတွေအသက်ရှည်ကြတယ်။
ပြင်သစ်နိုင်ငံ vian တောင်တန်းပေါ်ကစီးဆင်းတဲ့
ချောင်းရေသောက်သူတွေဟာ အသက်ရှည်ကြတယ်။
အီဗီယန်ရေ ဟာ အရည်အသွေးကောင်းလွန်းလို့
စျေးအလွန်ကြီးပါတယ်။

ရေကို ကျေးဇူးတင်စကား ပြောပြီးမှ သောက်ရင်
ရေထဲက မော်လီကျူး တည်ဆောက်ပုံပြောင်းသွားတယ်တဲ့။ ရေဟာ သူဖြတ်သန်းခဲ့သမျှ အကောင်းအဆိုး အခြေအနေတွေကို မှတ်ထားတယ်တဲ့။ water memory လို့ ယူကျူ့မှာ
ရိုက်ကြည့်ကြရင် ၊အများကြီးတွေ့ရပါမယ်။

မော်လီကျူးက သူဖြတ်သန်းခဲ့တာတွေကို image လို
မှတ်ထားတာ တဲ့။ ဘာလို့ အဲ့လိုဖြစ်တာလဲ လေ့လာနေကြပါတယ်။ ရေရဲ့ Memory ဆိုတာ လူရဲ့အမှတ်သညာလို
ပြောတာ မဟုတ်ဘူး၊ ပါတ်ဝန်းကျင်ကို pick up လုပ်ပြီး မော်လီကျူးတည်ဆောက်ပုံပြောင်းတာကို ဆိုလိုတာတဲ့။
ရေကို အကြောင်းပြုတဲ့ အရည်ဟာ modern technology မှာ အရမ်းအရေးပါလာတယ်။ liquid ထဲ computer memory တွေ စုတယ်၊ LCD တွေ ထုတ်တယ်။
ရေကနေခွဲထုတ်ပြီး ဟိုက်ဒရိုဂျင်ဗုံးတွေ ထုတ်တယ်။
ရေကနေ ထုတ်တဲ့ ဓါတ်တွေဟာ ပိုပြီး စွမ်းအားပြင်းတယ်လို့ သိလာရတယ်။
ကျွန်တော်တို့ တောင်တန်းသာသနာပြုဆရာတော်ကြီး ပရိတ်ရွတ်ရင် ရေထပွက်တယ်ဆိုတာ
သူ့ စင်ကြယ်မှုတွေ အာနိသင်တွေ ရေထဲကို ပျော်ဝင်စီးဆင်းတာထင်ပါရဲ့။ ရေမန်းနဲ့တင် ရောဂါပျောက်တယ်ဆိုတာလည်း ရေကို မန်းမှုတ်ပြီး သန့်စင်တဲ့ မေတ္တာ စွမ်းအင်တွေ၊ ဓမ္မစွမ်းအားတွေနဲ့ ကုသနည်းတခုနေမှာပေါ့။
ဘာသာတရားအားလုံးဟာ ရေကို အခြေခံပြီး
အသုံးပြုကြတာတော့ သတိထားမိတယ်။

ဗုဒ္ဓဘာသာက ရေမန်း၊ ခရစ်ယာန်တွေက နှစ်ခြင်း ဖြန်းခြင်း၊ ဟိန္ဒူကတော့ အများကြီး၊ အစ္စလာမ်က ဆေးကြောသန့်စင်ခြင်း။ ရေကို ညပိုင်းမှာ ပန်းလေးတပွင့်ထည့်ထားပြီး
မနက်မိုးလင်းမှ သောက်ရင် သန့်စင်ပြီး
အားပြည့်တဲ့ရေ ရတယ်တဲ့။

ရေကို ခဏငြိမ်ငြိမ်လေးထား လိုက်ပြီးမှ သောက်တာ
ကောင်းတယ်လို့ ပြောတယ်၊ အနည်းဆုံး အနည်ကျသွားတာပေါ့၊ သီချင်းဖွင့်ထားတဲ့ရေ၊ မိမိဘာသာတရားအလိုက်
နာထားတဲ့ရေ ဆိုတော့ အနည်းဆုံး အဲ့ဒီအသံ
ကိုယ်ကြားပြီး စိတ်ချမ်းသာရတာပေါ့၊ အကျိုးမနည်းပါဘူး၊
လူမှာ ၇၀% ရေ ပါတယ်။ ဆဲလ်မှာ၉၉% ရေ နဲ့
ဖွဲ့စည်းထားတယ်။ လူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးကလည်း
လူထဲက အရည်တွေထဲမှာ သိုမှီးထားတဲ့ electron တွေ neutron တွေ molecule structure တွေထဲမှာ
ဖြစ်နေတာ ဆိုတာတော့ နည်းနည်းသတိထားမိမှာပါ။
တကယ်တော့ ကျွန်တော်တို့ ဦးဏှောက်ဟာ data တွေကို အရည်တွေနဲ့ သိုမှီးထားတဲ့ အရည်ပြစ်ပြစ်အတုံးကြီးတခုပါပဲ။
ရေမှာ memory ရှိတာ ဟုတ်ရင်လည်း ဟုတ်မှာပဲ၊
မဟုတ်ရင်လည်း ရေကို သန့်သန့်ထားလို့
အကျိုးမယုတ်ပါဘူး။
အိန္ဒိယမှာတော့ ရေကို ကြေးနီခွက်တွေနဲ့ သောက်ကြတယ်၊ ကြေးနီက လျပ်ကူးရာမှာ မြန်တယ်၊
ရေရဲ့ အဆိုးမှတ်ဉာဏ်ကို ကြေးနီက သန့်စင်ပေးတာ
ထင်ပါရဲ့။ ဘီသိုဘင်၊မိုးဇက်ရဲ့ သီချင်းတွေဖွင့်ပေးထားတဲ့
ရေနဲ့ ဆဲဆိုကြိမ်းမောင်းထားတဲ့ရေတွေ မော်လီကျူ့ ပုံစံတခုနဲ့တခု မတူတာလည်း သိပ္ပံဓါတ်ခွဲခန်းထဲခွဲ ပြတာ
ကြည့်လိုက်ရတယ်။
သတ္တဝါအားလုံးအတွက် အရေးအကြီးဆုံးဟာ ရေပါပဲ။
ဂြိုလ်တခုကို လူနေလို့ရ မရ လေ့လာတဲ့အခါ
ရေရှိမရှိ နဲ့ ဆုံးဖြတ်ကြတယ်။

ယုံတာ မယုံတာ အပထား၊ ရေသန့်သန့်အေးအေးကို
ပရိတ်တရားလေး၊ သီချင်းအေးအေးလေး
၊စပယ်ပန်းလေးတပွင့်မျှောပြီး နှပ်ထားတဲ့ ရေတခွက်
မနက်တိုင်း သောက်ကြည့်ပေါ့။ မိုးလင်းရင် ခပ်မွှေးမွှေး
အနံ့လေး နဲ့ ကိုယ်ခန္တာသန့်စင်ဖို့ ရေသောက်ဖြစ်တဲ့
ကျမ်းမာရေးအမြတ်တခုတော့ အနည်းဆုံး
ထွက်လာနိုင်ပါတယ်။

image
image
image