ကျန်းကျန်းမာမာနဲ့ ရင်သွေးလေးက တစ်ယောက်တည်းပါလို့ အသိပေးလာတဲ့ ပိုးကြာဖြူခင် 🥰
ခင်ပွန်းဖြစ်သူကတော့ စိတ်အားငယ်နေမှာစိုးလို့ စိတ်တည်ငြိမ်အောင် သူမကို တန်ဖိုးကြီး Brand တွေနဲ့ လက်ဆောင်ပေးပြီး ဂရုစိုက်ပေးခဲ့တာပါ။ ကလေးလေးက သူတစ်ယောက်တည်း အချစ်ခံချင်တာမို့ထင်တယ်လို့ မေမေကတော့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရင်သွေးလေးကိုတော့ သူမက ကျန်းကျန်းမာမာနဲ့လူဖြစ်လာအောင် ဂရုစိုက်ပေးရတော့မယ်လို့ ဆိုပါတယ်။ မနက်ဖြန်မှ Ultrasound ရိုက်ရမှာဆိုပေမယ့် မစောင့်နိုင်တော့လို့ သူမက တစ်ရက်စောပြီးရိုက်ခဲ့တာပါ။
