4 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတောင်ပိုင်း လောင်းကစားဝိုင်း ဝင်ဖမ်းစဉ် မြန်မာများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မတ် ၂၂ ရက်က လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးစဉ် မြန်မာနိုင်ငံသား ၂ဝ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ခီရီရတ်နီခွန်ဒေသရှိ နွားခြံအဟောင်းတစ်ခုတွင် လောင်းကစားဝိုင်းအား ထိုင်းအာဏာပိုင်များအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ လောင်းကစားဝိုင်းတွင် မြန်မာနိုင်ငံသားအမျိုးသား၊ အမျိုးသမီး ၂၁ ဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး လောင်းကစားဝိုင်းထဲရှိ ဘတ် ၂၈၅၅ဝ နှင့် ဖဲထုပ် ၃၅ ထုပ်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများကို ခီရီရတ်နီခွန်ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး ခွင့်မပြုထားသော လောင်းကစားလုပ်မှု (ရှမ်းကိုးမီး)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

image