4 w - Translate

" တခါတလေ မီးပျက်သွားတဲ့အခါ
အဖေဟာ အမှောင်ထဲမှာ
ဆေးလိပ်သောက်နေတယ်

အခုခေတ်မှာ
ပျော်ရွှင်ဖွယ် အဖေနေ့ဆိုပြီး
အဖိုးကြီး ဂေါက်သီးရိုက်နေတာတို့
လက်မောင်း ဗလထုတ်ပြနေတာတို့ စတဲ့
ကြော်ငြာတွေတွေ့ရင် အမှောင်ထဲမှာ
ဆေးလိပ်မီးပဲမြင်ရတဲ့ အဖေ့ပုံရိပ်ဆီပဲ
ကျွန်တော် ပြန်ပြန်ရောက်သွားတယ်။

▪️အောင်ခင်မြင့်

image