" လူတစ်ယောက်ကို
အဲသလောက်ချစ်နိုင်ပါလားလို့
ခင်ဗျားကိုယ်ခင်ဗျား
အံ့သြမှင်သက်လို့ မဆုံးခင်မှာပဲ
အဲဒီလူဟာ
ခင်ဗျားဘဝထဲက ထွက်သွားဖို့
တစ်နည်းနည်းနဲ့ ပြင်ဆင်ပြီးနေပြီဖြစ်တယ်
ခင်ဗျားတို့တစ်ဘဝလုံး သိလာတဲ့
ချစ်ခြင်းမေတ္တာရဲ့
အသွင်သဏ္ဌာန်ဆိုတာ အဲဒါပါပဲ "
▪️ဘုန်းပြည့်စုံမင်း ( သက်ရှိကဗျာ )