❝ လူတွေဟာ
သိပ်သေးကွေးပါတယ်
သိပ်အားနည်းပါတယ်
မသိနားမလည်တာတွေလည်း
သိပ်ပြီးများလွန်းတယ်
နေရာယူနိုင်မှု
သိပ်ကျဉ်းတယ်
အချိန်ရရှိမှုလည်း
သိပ်နည်းနေပြန်ရော . . .
လူတွေဟာ
သူ့အစွမ်းအစတွေ
ဘယ်လောက်ရှိမှန်း
သူတို့ကိုယ်သူတို့ မသိနိုင်ခင်မှာ
ပြီးဆုံးအောင်
မရှာဖွေရသေးခင်မှာ
သေဆုံးသွားတတ်မြဲ
စကြဝဠာထဲ
လူဆိုတာ သိပ်သေးဖွဲလွန်းတယ် ❞
▪️အရိုး // ဇီတာ▪️
