“Godfather” ဇာတ်ကားမှာ Don Vito Corleone နေရာက သရုပ်ဆောင်ဖို့ Marlon Brando ဟာ ပါးစပ်ထဲမှာ တစ်ရှူးတွေထည့်ပြီး “ခွေးဘီလူး” ပုံစံ ရအောင်လုပ်ခဲ့ရပါတယ်။
The Godfather အတွက် စမ်းသပ်သရုပ်ဆောင်ရာမှာသူက ဆံပင်ကို အနက်ရောင်ဖြစ်ဖို့ ဖိနပ်ဆီသုတ်ဆေးကို အသုံးပြုခဲ့ပြီး ပါးစပ်ထဲ တစ်ရှူးစက္ကူတွေ ထည့်ပြီးသရုပ်ဆောင်ခဲ့ပါတယ်။
Francis Ford Coppola ကတော့ Marlon Brando ရဲ့ အကြံကို သဘောကျခဲ့ပေမယ့် အမြဲတမ်း တစ်ရှူးစက္ကူတွေကို ပါးစပ်ထဲထည့်ပြီး ဇာတ်ကားရိုက်ကူးတာက လက်တွေ့မကျဘူးလို့ ပြောပါတယ်။ အဲတာကြောင့် သွားဆရာဝန်တစ်ဦးခေါ်ပြီး Brando အတွက် အံကပ်တစ်ခု တကူးတက ပြုလုပ်ပေးခဲ့ပါတယ်။ ဒီ အံကပ်က အောက်မေးရိုးနဲ့ အောက်သွားတွေကြားထဲမှာ ပါးတစ်ခုလုံးအပြင်ကို ကားထွက်ဖို့ လုပ်ထားတဲ့ အံကပ်မျိုးဖြစ်ပါတယ်။
ဒီအံကပ်ကြောင့်ပဲ Marlon Brando ရဲ့ Vito Corleone Character ဟာ ထူးခြားသွားခဲ့တာလို့ ပြောရမှာပါ။
The Godfather ဇာတ်ကားက Mario Puzo ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားပေမယ့်၊ မူရင်းဇာတ်ညွှန်းနဲ့ စာအုပ်ထဲမှာ မပါဝင်တဲ့ အခန်းများစွာပါဝင်လာပါတယ်။ ဒီဇာတ်ဝင်ခန်းတွေက Marlon Brando ကိုယ်တိုင် ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဥပမာ - Vito Corleone က မြေးလေးနဲ့ ကစားနေတဲ့ အခန်းဆိုရင် ဇာတ်ညွန်းထဲမပါဝင်ပါဘူး။ Brando က သူ့မိသားစုထဲက ကလေးတွေနဲ့ ကစားနေကျ ပုံစံအတိုင်း ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီဖန်တီးခဲ့တဲ့ ဇာတ်ဝင်ခန်းက Vito Corleone ရဲ့ လူသားအဆန်ဆုံးပုံစံတစ်ခု ဖြစ်စေခဲ့ပါတယ်။
John Snow ရေးသားသည်။

image