4 w - Translate

The Ogglies: Welcome To Smelliville (2021)

မြို့တစ်မြို့ရဲ့ ခေါင်းခဲရတဲ့ပြဿနာတွေထဲမှာ အမှိုက်စွန့်ပစ်ရေးပြဿနာဟာ ထိပ်ဆုံးက အမြဲပါဝင်နေပါတယ်။ နေ့စဉ်နဲ့အမျှတိုးပွါးနေတဲ့ အမှိုက်တွေကို ရှင်းလင်းဖို့နည်းလမ်းရှာနေရတဲ့မြို့တွေထဲမှာ Semllivilleလည်း အပါအဝင်ပါပဲ။
Smellivilleဆိုတဲ့မြို့ငယ်လေးဟာ နာမည်နဲ့လိုက်ဖက်စွာနဲ့ အနံ့အသက်ဆိုးတွေနဲ့ ပြည့်နှက်နေတာပေါ့။ ဒီအနံ့ဆိုးတွေရဲ့အရင်းအမြစ်ကတော့ တစ်မြ်ို့လုံးကအမှိုက်တွေကို စွန့်ပစ်တဲ့နေရာဖြစ်တဲ့ ဧရာမအမှိုက်ပုံကြီးပါ။
အနံ့ဆိုးတွေကြောင့် တစ်မြို့လုံးပျက်စီးခါနီးဖြစ်နေချိန်မှာ Ogglyဆိုတဲ့သတ္တဝါလေးတွေက အမှိုက်ပုံကြီးဆီကို ရောက်ရှိလာပါတော့တယ်။ အမှိုက်တွေကိုစားသောက်တဲ့ Ogglyတွေကြောင့် အနံ့ဆိုးတွေလျော့ပါးသွားပေမယ့် လူတွေက အနံ့ဆိုးတဲ့ Oggly အမှိုက်စားတဲ့ကောင်တွေဆိုပြီး လက်မခံကြပါဘူး။
ဒီအချိန်မှာ အမှိုက်ပုံနေရာမှာ Wellness templeဆောက်ပြီး အမြတ်ထုတ်ဖို့လုပ်နေတဲ့ Mr. Hammerတို့လူတစ်စုကလည်း Ogglyလေးတွေကို မောင်းထုတ်ဖို့ မြို့တော်ဝန်ကို သွေးထိုးနေတာပေါ့။ ဒီလိုအမြဲမောင်းထုတ်ခံနေရတဲ့ Ogglyလေးတွေကို Smelliville မှာနေခွင့်ရအောင် မြို့တော်ဝန်ရဲ့သား Maxနဲ့ သူငယ်ချင်းဖြစ်သူLottaတို့က ဘယ်လိုကူညီကြမလဲ။
ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်က မြို့တော်ဝန်ကို Ogglyလေးတွေကို နားလည်သွားစေမလဲ။ Hammerရဲ့အကြံဆိုးတွေကိုရော Maxတို့အချိန်မှီ တားဆီးနိုင်ပါ့မလား။ Ogglyလေးတွေရော မြို့ခံလူထုနဲ့ ငြိမ်းချမ်းရေးရပြီး ဒီမြို့လေးမှာ နေခွင့်ရပါ့မလားဆိုတာကို သိချင်ရင်တော့ The Ogglies-Welcome to Smelliville ဆိုတဲ့ကာတွန်းလေးကိုကြည့်လိုက်ရအောင်။

ဇာတ်ကားလင့်
https://t.me/c/2186686827/192

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1

image