နီနီလင်းအိမ် ဂုဏ်သတင်းနဲ့အသားပေး ကြော်ငြာခဲ့တဲ့ MGM ကို ထူးအံ့လွင်ပေါက်ကွဲ
Miss Grand Myanmar ရဲ့ ND တစ်ဦးဖြစ်ခဲ့ဖူးသူ ဆရာထူးအံ့လွင်က 'အရှက်မရှိ အဲ့တစ်ယောက်က မင်းတို့မွေးထုတ်ပြီး ရွေးခဲ့တဲ့သူလား' လို့ မေးခွန်းထုတ်လိုက်ပါတယ်။ ND ရာထူးကနေစွန့်လွှတ်ပြီး တပည့်ဖြစ်သူ သဲစုညိမ်းနဲ့အတူ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ ထူးအံ့လွင်က MGM ရဲ့ လက်ရှိကြော်ငြာနေမှုအပေါ် ပေါက်ကွဲနေတာပါ။ Miss Grand International 2023 ရဲ့ 1st Runner Up ရခဲ့သူ နီနီလင်းအိမ်ကို သူတို့က မွေးထုတ်ခဲ့တဲ့ပုံစံမျိုးနဲ့ ကြော်ငြာနေလို့ပဲဖြစ်ပါတယ်။ 2024 ခုနှစ်မှာ ကျင်းပခဲ့တဲ့ MGI 2024 မှာလည်း သဲစုညိမ်းဟာ 2nd Runner Up ရရှိပြီးနောက် ယခုကဲ့သို့ ပြဿနာတွေဖြစ်ပွားခဲ့တာပါ။
