23 w - Translate

#ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ......
📌📌 ရာသီဥတု ပူပြင်းချိန်မှာ မောင်းနှင်နေတဲ့
ကားတစ်စီးလုံးရဲ့ အပူချိန်ကို လျော့ချပေးနိုင်တဲ့
နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

#အဲကွန်းအလွန်အကျွံမသုံးပါနဲ့

ကားတစ်စီးရဲ့အဲကွန်းကို အလွန်အကျွံ အသုံးပြုခြင်းကလည်းကားရဲ့အပူချိန်ကို မြင့်မားစေပါတယ်။
ကားအဲကွန်းကို နံပါတ်အမြင့်ဆုံနဲ့ ဖွင့်ထားလို့
အတွင်းခန်းမှာ အေးနေပေမယ့် ကားရဲ့အပြင်ဘက်အစိတ်ပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက် မြင့်နေတဲ့အတွက်
ကားအပူချိန်ကို မြင့်တက်နေစေပါတယ်။

အဲဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ၊ အဲကွန်းကို သုံးလိုက်၊နားလိုက် မကြာခဏ
လုပ်ပေး တာမျိုးတွေ ပြုလုပ်ပေးခြင်းဖြင့်
ကားအင်ဂျင်နဲ့ ကားအပူချိန်ကို လျော့ချပေးနိုင်ပါတယ်။

#ဘက်ထရီသေချာတွဲပါ

ဘက်ထရီကလစ်တွေကို သေချာတွဲ ဆက်ထားပါ။ ဘက်ထရီကြိုးတွေ ကလစ်တွေမခိုင်မြဲရင်
အပူထွက်လာစေပြီး မီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဘက်ထရီကြိုးတွေက ဆက်ရာတွေ
များနေရင် ဘက်ထရီငုတ်တစ် ခုတည်းမှာ
ကြိုးတွေစုပြုံပြီး တပ်ထားရင် အပူလွန်ကဲမှု
ဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကိုသေချာ တပ်ဆင်ပါ။ ငုတ်တစ်ခု ကြိုးတစ်ချောင်းသာတပ်ဆင်ပေးပါ။ကြိုးဆက်ရှိနေတဲ့ ဝါယာကြိုးဟောင်း
ကြိုးအစွေးတွေ အသုံးပြုခြင်းရှောင်ပါ။

#အင်ဂျင် Coolant ရေသတိပြုပါ

ကားအင်ဂျင်အေးစေဖို့အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ရက်လွန်နေရင် စွမ်းဆောင်ရည်ကင်းမဲ့သွားပါတယ်။အင်ဂျင်ကိုအအေးပေးဖို့အထောက်အကူမပြု တော့တဲ့အပြင် အင်ဂျင်ကိုပါပျက်ဆီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင်လျော့နည်းနေရင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေပါတယ်။ အင်ဂျင်Coolant ရည်ကိုအမြဲစစ်ဆေးပေးသင့်ပါတယ်။

#တာယာလေဖိအားစစ်ဆေးပါ

တာယာလေဖိအားကို ပူပြင်းချိန်မှာ အသုံးပြုသင့်တဲ့လေဖိအားပမာဏကိုတာယာအရွယ်အစားအလိုက်၊ကားအ မျိုးအစားအလိုက်သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့လိုက်ဖက် လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့လေဖိအားအောက် အနည်းငယ်လျော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာ တွေရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။

#အင်ဂျင်ရေတိုင်ကီသတိပြု

အင်ဂျင်ရေတိုင်ကီထဲမှာရေအလုံလောက်ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ ကားအင်ဂျင်တစ်လုံးရဲ့ရေတိုင်ကီ တွေထဲမှာ ရေဝင်ဆန့်ပမာဏက ကားအင်ဂျင်ထဲကအပူကိုသယ်ဆောင်နိုင်ဖို့လုံလောက်ပါတယ်။ပုံမှန်ရှိနေသင့် တဲ့ရေပမာဏအောက်လျော့ကျနေပြီဆိုရင်တော့ ကားအင်ဂျင်ထဲကထုတ်နေတဲ့အပူတွေကို သယ်ဆောင်နိုင် အားလျော့ကလာစေပါတယ်။ဒါဆိုရင်တော့အင်ဂျင်အပူချိန်မြင့်တက်လာပါလိမ့်မယ်။အဲဒါကြောင့်ကားအင်ဂျင် ရေတိုင်ကီထဲက ရေပမာဏကိုအမြဲစစ်ဆေးပေးသင့်ပြီးလိုအပ်ပါကဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်။

အထက်ပါနည်းလမ်းတွေအပြင် ကားကိုရပ်နားချိန်မှာ အရိပ်အတွင်းရပ်နားတာ၊မောင်းနှင်နေချိန်မဟုတ်ဘဲအဲ ကွန်းဖွင့်သုံးတာတွေကိုရှောင်ရှားတာ စတဲ့အချက်တွေဖြင့်ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။

image