4 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဂျပန်သို့ အလုပ်သမားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုကို ၁၅ ဦးသာခွင့်ပြု
MoU နစ်ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုစီအား တစ်လလျှင် အလုပ်သမား ၁၅ ဦးသာ တင်ပြစေလွှတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
ယခင်က ဂျပန်လုပ်ငန်းရှင်များ၏ အလုပ်သမားခေါ်စာ (Demand Letter)ပါ အလုပ်သမားဦးရေအတိုင်း အကန့်အသတ်မရှိ တင်ပြစေလွှတ်နိုင်ခဲ့သော်လည်း ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းကြောင့် အေဂျင်စီတစ်ခုလျှင် တစ်လအလုပ်သမား ၁၅ ဦးသာ စေလွှတ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်ခေါ်စာ တစ်စောင်လျှင် ၁၅ ဦးထက်မပိုစေရန်နှင့် တစ်လလျှင်တစ်ကြိမ်သာတင်ပြရန်ညွှန်ကြားထားပြီးစာချုပ်ချုပ်ဆိုသည့်ရက်မတိုင်မီ ရက်သတ္တတစ်ပတ်ကြိုတင်၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်မတိုင်ခင် အလုပ်သမားခေါ်စာ (Demand Letter)တင်ပြထားသည့်အေဂျင်စီများမှာလည်း လူဦးရေ ၁၅ ဦးထက်ပိုနေပါက မတ် ၂၅ ရက်တွင် ပြင်ဆင်တင်ပြရန် ညွှန်ကြားထားပြီး ဂျပန်နိုင်ငံ၏အလုပ်ခေါ် စာအသစ်များအား မေ ၂ ရက်တွင် ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

image