4 ပတ် - ဘာသာပြန်ပါ။

ဂိုးရချင်တယ်ဆိုရင် ရကိုရတာပါပဲ။ ပင်နယ်တီလွဲလည်း ဂိုးရဖို့အတွက် အခွင့်အရေးက ရော်နယ်ဒိုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာရခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့ရာမှာ ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့လို့ ရော်နယ်ဒို စိတ်ပျက်သွားရပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာ ဂိုးရဖို့ အကြောင်းကဖန်လာပါတယ်။ အသင်းဖော်ကန်သွင်းလိုက်တာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးက ရှမိုက်ကယ်နဲ့ထပ်ထိပြီးတော့ သူ့ဆီရောက်လာတာပါ။ ထောင့်ဖြတ်အနေအထားအတိုင်းပဲ ရော်နယ်ဒိုက အပိုင်ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဟော့ဂျ်လန်းကို သူ့ရဲ့ စူးဝီးအောင်ပွဲခံဟန် မြင်စေရမယ်လို့ ပြောထားတဲ့အတိုင်း လုပ်ပြနိုင်ခဲ့ပါတယ်။
အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး ၅-၂ နဲ့ ပေါ်တူဂီတို့ အနိုင်ရခဲ့ပါတယ်။ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး နောက်ထပ်ပွဲကောင်းတပွဲကို မြင်တွေ့ရဦးမှာပါ။ ဒီပွဲမတိုင်ခင် ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ ဂင်းနစ်မှတ်တမ်းကိုလည်း လက်ခံရယူခဲ့ပါတယ်။

image