မတ်လ ၂၇ ရက်မှာ မိတ်ဆက်သွားမယ့် POCO F7 Series
နောက်တစ်ပါတ်မှာတော့ POCO F7 Series ထဲက F7 Pro နဲ့ F7 Ultra တို့ကို မိတ်ဆက်သွားမှာဖြစ်ကြောင်း Xiaomi က ကြေညာလိုက်ပါတယ် Redmi Turbo 4 Pro ဒါမှမဟုတ် Redmi K80 / K80 Pro တွေရဲ့ Global version လို့ပဲ ပြောရမှာပါ။ Chips တွေကတော့ F7 Ultra က Snapdragon 8 Elite ဖြစ်ပြီး F7 Pro ကတော့ Snapdragon 8 Gen 3 ဖြစ်သွားပါမယ်။
