4 w - Translate

ရည်မှန်းချက်ကြီးလေလေ
ကျရှုံးမူများလေလေ
အရှုံးမပေးဖို့လိုတယ်။
ရှေ့ဆက်ကြိုးစားထား။
လဲကျရင် ပြန်ထမယ်။
ရည်မှန်းချက်ကြီးရင် အခက်ခဲဆိုတာကြီးတယ်။
ဘဝဆိုတာ ဒုက္ခမပါဝင်ပဲမဖြစ်နိုင်ဘူး။
ဒုက်ခဆိုတာ သစ်စာ သဘာဝတရားပဲ။
ဒါကြောင့် ဒုက္ခတွေကို ငြီးငြူပြီး အရှုံးမပေးနဲ့။
ရည်းစားနဲ့ ပြတ်လား။
မပြိုလဲနဲ့ ဆက်ကြိုးစားထား။
ဘယ်သူ့အတွက်လဲ ကိုယ့်ဘဝအတွက်နဲ့ ကိုယ့်မိသားစုအတွက်။
အကြွေးတွေ ရှိလား။
မကျရှုံးနဲ့ ဆက်ကြိုးစားထား။ အချိန်တန်အဆင်ပြေသွားလိမ့်မယ်။
ဘယ်သူ့အတွက်လဲ ကိုယ့်ဘဝအတွက်နဲ့ ကိုယ့်မိသားစုအတွက်။
တစ်ခုခုမှာ မအောင်မြင်ဘူးလား။
ရွေးချယ်မခံလိုက်ရဘူးလား။
အရှုံးမပေးနဲ့။ တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်။ ဆက်ကြိုးစားမယ်ဆိုမှ မြင်ရမှာ အဲ့နည်းလမိးတွေကလည်း။ ဒါကြောင့် မပြိုလဲနဲ့ ဆက်ကြိုးစား။
အိမ်ထောင်ရေး ပြိုကွဲသွားလား။
မပြိုလဲနဲ့။ ဆက်ကြိုးစား။
ဘယ်သူ့အတွက်လဲ ကိုယ့်ဘဝအတွက် ကိုယ့်မိသားစုအတွက်။
Energy မတူတဲ့သူတွေနဲ့ ဝေးဝေးနေပြီး ကိုယ့်စိတ်ချမ်းသာရာကို​ရွေးပြီးနေထိုင်။
ဘာပဲဖြစ်ဖြစ် လဲကျစရာကိုမလိုတာ။
စိတ်ဓာတ် ပျော့ညံ့ရင် စိတ်ဖိစီးမှုတွေက ကိုယ့်ကို အနိုင်ယူသွားလိမ့်မယ်။
ဒါကြောင့် မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် စိတ်ဓာတ်သန်မာနေရမယ်။
တစ်ခုခုဆို ပိုပြီး ခွန်အားရပြီးပဲ ကြိုးစားလေ။
ဝအောင်ငိုပြီးတော်ပြီပေါ့။
ဘာကို အားငယ်ပြီး ဘာကို စိတ်ဓာတ်ကျနေမှာလဲ။
ဘာအကျိုးရလဲ။ ဘဝကို ဆုတ်ယုတ်စေတာပဲရှိတယ်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် သန်မာတဲ့ စိတ်ဓာတ်လေးတစ်ခုကို မွေးမြူရမယ်။
ခုခေတ်မှာ ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်နေတာမဟုတ်ဘူး စိတ်ညစ်စရာတွေကြုံနေတာ မဟုတ်ဘူးဆိုတာကို မမေ့နဲ့။
အရောင်စုံတဲ့ဘဝဆိုတာကို လှလှပပ ဖန်တီးသွားဖို့ပဲ လိုတယ်။ 💪🏻

image