4 ပတ် - ဘာသာပြန်ပါ။

ChatGPT ကလွဲလို့ တစ်ခြား ဘယ် AI တွေကို စမ်းသုံးကြည့်သင့်လဲ
AI လို့ပြောလိုက်တာနဲ့ ChatGPT ပဲသုံးမယ်၊ တလောကတော့ နာမည်ထကြီးသွားတဲ့ DeepSeek သုံးမယ်လို့တွေးထားရင် ခုပြောပြပေးမယ့် AI တွေကိုလည်း စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁. Claude
မြန်မာနိုင်ငံကလူတွေကြားမှာ အရမ်းကြီးအပြောမများပဲ Dev တွေနဲ့ သက်ဆိုင်ရာလူတွေလောက်ပဲ အပြောများနေတဲ့ Model ပါ။ အရမ်းရှုပ်ထွေးတဲ့ Task တွေကို ဖြေရှင်းရာမှာ ChatGPT ထက်ပိုသာပါတယ်။ နေ့စဥ်အလုပ်တွေကိုတော့ ChatGPT သုံးပြီး အတော်လေးရှုပ်ပြီး Code ရေးရမှာ Reasoning အကြီးကြီးလုပ်ရမယ့် ကိစ္စတွေဆိုရင် ဒီကောင်ကိုသုံးပါ။

၂. Perplexity
ကျောင်းသားတွေနဲ့ စာတမ်းရေးနေသူတွေ၊ အွန်လိုင်းပေါ်က Citation လုပ်ဖို့အတွက် အချက်အလက်ခဏခဏရှာနေရသူတွေအတွက် Perplexity ကအကောင်းဆုံးဖြစ်ပါတယ်။ ကျောင်းမှာစာတမ်းရေးဖို့အတွက် အကြောင်းအရာတစ်ခုကိုမေးလိုက်တဲ့အခါ Source Ref တွေကိုပါပြပေးတဲ့အတွက် သုံးရတာအတော်လေးအဆင်ပြေပါတယ်။

၃. Pi.ai
Command ပေးလိုက်ရင် စာနဲ့သာမကပဲ အသံနဲ့ပါတွဲပြီး ဖြေပေးတဲ့ထူးထူးခြားခြား Model တစ်ခုပါ။ Model ကအရမ်းကြီးမကောင်းပေမယ့် စကားပြောလို့ရတာ၊ နွေးနွေးထွေးထွေးဖြစ်တဲ့ Vibe ပေးတဲ့အတွက် စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၄. Grok by xAi
အီလွန်ရဲ့ xAi ကဖန်တီးထားတဲ့ Grok ထူးခြားချက်က တစ်ခြား AI Model တွေနဲ့မတူပဲ Freedom of Speech ဖြစ်အောင် Censorship ကိုတတ်နိုင်သမျှ လျော့ပေးထားတာဖြစ်တဲ့အတွက် AI နဲ့ ရည်းစားစကားပြောတာမျိုး၊ တစ်ခြား AI တွေမှာ ကန့်သတ်ထားတဲ့ အကြောင်းအရာတွေကို မေးလို့၊ ပြောလို့ရပါတယ်။ Research Purpose သဘောမျိုး စမ်းသုံးကြည့်ပါ။

၅. Le Chat
ဒီကောင်ကလည်း စမ်းသုံးကြည့်ရမယ့် Model ဖြစ်ပါတယ်။ Image Generation, Web Search, Document Writing အကုန် တစ်နေရာထဲမှာပါသုံးလို့ရမယ့် Model ဖြစ်ပါတယ်။ စမ်းသုံးကြည့်ပါ။

ဒီ AI တွေကတော့ ကျွန်တော်ကိုယ်တိုင်လည်း ပုံမှန်လည်းသုံး၊ အားရင်းလည်းအားသလို ကလိနေဖြစ်တဲ့ AI တွေဖြစ်ပါတယ်။ အခရာပရိသတ်တွေသုံးနေတဲ့ တစ်ခြားသူတွေမသိသေးတဲ့ AI တွေရှိရင် Facebook Post မှာ Comment ပေးခဲ့ပါဦး...

image