23 w - Translate

ဆီးစွန်းနေသလို ပုံစံမျိုး ထုတ်လုပ်ထားတဲ့ ၆၀၈ ဒေါ်လာတန် ဂျင်းဘောင်းဘီ

ဗြိတိန်-အီတလီဖက်ရှင်အမှတ်တံဆိပ်တစ်ခုဟာဆိုရင် ဆီးစွန်းနေတဲ့ ပုံစံမျိုးနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ဂျင်းဘောင်းဘီကို ရောင်းချနေပါတယ်။ "Stain Stonewash Jeans" လို့ အမည်ပေးထားတဲ့ ဒီဂျင်းဘောင်းဘီကို ဒီဇိုင်နာတွေဖြစ်တဲ့ လူကာ မာချက်တိုနဲ့ ဂျော်ဒန် ဘိုဝမ်တို့ တည်ထောင်ထားတဲ့ Jordanluca အမှတ်တံဆိပ်က ထုတ်လုပ်ထားတာပါ။

ဒီဂျင်းဘောင်းဘီကို Jordanluca the fall/winter 2023 collection fashion show မှာ ပွဲထုတ်ပေးခဲ့ပါသေးတယ်။ ဂျင်းဘောင်းဘီရဲ့ပေါင်ခြံနေရာမှာ တစ်စုံတစ်ယောက်က ဆီးသွားထားသလို ပုံစံမျိုး အနက်ရောင်အစွန်းအထင်းတစ်ခုရှိနေပါတယ်။ ဒီဂျင်းဘောင်းဘီကို ၆၀၈ ဒေါ်လာနဲ့ ရောင်းချနေပြီး လောလောဆယ်မှာ ရောင်းထွက်နေတယ်လို့ သိရပါတယ်။

ဒီဘောင်းဘီနဲ့ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ဝေဖန်မှုတွေကြောင့် ဒီထူးဆန်းတဲ့ဘောင်းဘီကို ဆီးအစွန်းအထင်းဂျင်းဘောင်းဘီ (pee stain denim) လို့ ခေါ်တွင်နေပါတယ်။ "ဒါက ဈေးကြီးလိုက်တာ၊ လူတွေက သူတို့ရဲ့ဘောင်းဘီကို ဆီးသွားပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်ဘောင်းဘီကို ဖန်တီးလို့မရနိုင်ဘူးလား"၊ "ဘာလို့ ဒါကို ဝတ်မှာလဲ"လို့လည်း လူမှုကွန်ယက်အသုံးပြုသူတချို့က ပြောခဲ့ကြပါတယ်။

Ref: Brand Sells Jeans With "Pee Stain" For ₹ 50,000, Internet In Disbelief

image