5 w - Translate

#နိုင်ငံတကာသတင်း
◼အက်ဖ်-၄၇ မျိုးဆက်သစ်တိုက်လေယာဉ်ဘိုးရင်း ထုတ်လုပ်မည်
အမေရိကန်စစ်ဘက်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်ဖြစ်လာမည့် အက်ဖ်-၄၇ အား ဘိုးရင်းကုမ္ပဏီ က ထုတ်လုပ်သွားမည်ဖြစ်ကြောင်းအမေရိကန်သမ္ မတဒေါ်နယ်ထရန့်ကယမန်နေ့သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား သည်။
“ အက်ဖ်-၄၇ တိုက်လေယာဉ်ဟာ တည်ဆောက်ခဲ့ဖူးသမျှတွေထဲမှာ အဆင့်အမြင့်ဆုံး ၊ စွမ်းဆောင်ရည်အမြင့်ဆုံး ၊ အထိရောက်ဆုံး တိုက်လေယာဉ်ဖြစ်ပါလိမ့်မယ်။” ဟု အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ကန်ထရိုက်အား ဘဲဥပုံရုံးခန်း တွင် ကြေညာစဉ် ဒေါ်နယ်ထရန့်က ပြောကြားသည်။
မျိုးဆက်သစ်လေကြောင်းလွှမ်းမိုးရေးအစီအစဉ် အတွက် ကန်ထရိုက်အား ဘိုးရင်း က လော့ဟိဒ်မာတင်အား ကျော်ဖြတ်ရရှိသွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်လေယာဉ်အား အက်ဖ်-၄၇ ဟု နာမည်ပေးထားပြီး တဖြည်းဖြည်းနှင့် လက်ရှိအမေရိကန်လေတပ်တွင် အသုံးပြုနေပြီး လော့ဟိဒ်မာတင် က တည် ဆောက်ခဲ့သော အက်ဖ်-၂၂ ရက်ပ်တာ တိုက်လေယာဉ်များနေရာတွင် အစား ထိုးဝင်ရောက်မည်ဖြစ်သည်။
စမ်းသပ်တည်ဆောက်ထားသော ယင်းအမျိုးအစားတိုက်လေယာဉ်တစ်စီးအား ပျံသန်းနေသည်မှာ ငါးနှစ်နီးပါးရှိနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါလေယာဉ် က အခြားနိုင်ငံများ၏ စွမ်းဆောင်ရည်များကို များစွာသာလွန်သည်ဟု မိမိတို့ ယုံကြည်ကြောင်း အိမ်ဖြူတော်တွင် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် နှင့် အတူရှိနေစဉ် ဒေါ်နယ်ထရန့်က သတင်းထောက်များအား ပြောကြားသည်။
ဆဌမမျိုးဆက် တိုက်လေယာဉ်အား လူလိုက်ပါခြင်းမရှိသော တိုက်လေယာဉ်များ ၊ ဒရုန်းများနှင့် တွဲဖက် တိုက်ပွဲဝင်နိုင်ရန် ပုံဖော်ထားပြီး ယင်းအရည်အချင်းများမှာ အနာဂတ်လေကြောင်းတိုက်ပွဲများအတွက် ကြီးမားသောအစိတ်အပိုင်းဖြစ်လာမည်ဟု ရှုမြင်ထားကြသည်။
၂၀၀၉ ခုနှစ်တွင် ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ဘော့ဂိတ်စ် က မူလကမှာယူထားသော အရေအတွက်ဖြစ်သည့် ၃၈၁ စီးမှ ထက်ဝက်ခန့်သာ လက်ခံရယူပြီးနောက် ပဥ္စမမျိုးဆက်တိုက်လေယာဉ် အက်ဖ်-၂၂ ရက်ပ်တာ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်စစ်တပ်က ယင်းတိုက်လေယာဉ် နောက်ဆုံးအ သုတ်ကို ၂၀၁၂ ခုနှစ် က လက်ခံရရှိခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-UPI

image