5 w - Translate

ဘဏ်များ၏ ပိုလျှံသီးသန့်ငွေအပေါ် အတိုးနှုန်း တိုးမြှင့်သတ်မှတ်
- ၃.၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ ပြောင်းလဲ
ရန်ကုန်၊ မတ် ၂၂
ဘဏ်တွေက မြန်မာကျပ်နဲ့ ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေထက် ကျော်လွန်တဲ့ ပျမ်းမျှသီးသန့်ငွေအပေါ်မှာ ပေးတဲ့ အတိုးနှုန်းကို ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငွေကြေးမူဝါဒကော်မတီအစည်းအဝေး (၁/၂၀၂၅)မှာ အတိုးနှုန်း တိုးမြှင့်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၇ ဘီလီယံနဲ့ အထက်ရှိတဲ့ ဘဏ်တွေကိုသာ အတိုးပေးမှာဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေပမာဏ ကျပ် ၅၀ ဘီလီယံအထိသာ ခွင့်ပြုမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
အနည်းဆုံးနဲ့ အများဆုံး ပိုလျှံသီးသန့်ငွေပမာဏဘောင်သတ်မှတ်ချက်နဲ့ ပေးမယ့်အတိုးနှုန်းကို အခါအားလျော်စွာ သုံးသပ်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ အတိုး/အလျှော့ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
အတိုးငွေကို အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလအလိုက် နောက်ဆုံးနေ့ရှိ ပိုလျှံသီးသန့်ငွေအပေါ် တွက်ချက်မှာဖြစ်ပြီး ထိန်းသိမ်းမှုကာလနောက်ဆုံးနေ့ရက်ရဲ့ T+2 နဲ့ ဗဟိုဘဏ်ရှိ သက်ဆိုင်ရာဘဏ်ရဲ့ စာရင်းထဲ အလိုအလျောက်ထည်သွင်းပေးမှာတယ်။
ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၂၂ ရက် ထိန်းသိမ်းမှုကာလမှ စတင်ကျင့်သုံးသွားမယ်လို့ သိရပါတယ်။
ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို မြန်မာကျပ်ငွေနဲ့ လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ခွင့်ပြုထားတဲ့ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိဘဏ်တွေနဲ့ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်တွေကို တစ်ပြေးညီ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
သတင်း - BETV Business

image