5 w - Translate

အရန်စက်သုံးဆီ တစ်လစာခန့် တင်သွင်းသိုလှောင်ထား
ရန်ကုန်၊ မတ် ၂၂
ပြည်တွင်းစက်သုံးဆီသုံးစွဲမှု ဖူလုံမှုရှိစေဖို့ နေ့စဉ်သုံးစွဲမှုပမာဏအပြင် တစ်လစာခန့်အထိ ကြိုတင်တင်သွင်း သိုလှောင်ထားရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
လက်ရှိ သီလဝါက ဆီချဆိပ်ကမ်းတွေမှာ စက်သုံးဆီတင်သင်္ဘော ၆ စင်း၊ ပင်လယ်ဝမှာ သင်္ဘော ၃ စင်း ရောက်ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လမ်းခရီးမှာ သင်္ဘော ၇ စင်းနဲ့ ပြည်ပနိုင်ငံမှာ စက်သုံးဆီတင်ဆောင်နေတဲ့ သင်္ဘော ၁၀ စင်း အပါအဝင် ဆီတင်သင်္ဘောအစင်း ၃၀ နဲ့ စဉ်ဆက်မပြတ် တင်သွင်းဖို့ ကြိုတင်စီမံ ဆောင်ရွက်ထားပါတယ်။
သီလဝါဆီသိုလှောင်ကန်တွေကနေ နိုင်ငံတစ်ဝန်းက အရောင်းဆိုင်တွေနဲ့ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းကဏ္ဍအသီးသီးထံ ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ သိရပါတယ်။
အဝေးပြေးလမ်းတွေပေါ်က အရောင်းဆိုင်တွေနဲ့ မြို့ကြီးတွေမှာရှိတဲ့ အဓိကအရောင်းဆိုင်တွေထံ စက်သုံးဆီ ကြိုတင်ဖြည့်တင်းထားခြင်းကြောင့် သင်္ကြန်ရုံးပိတ်ရက်ရှည်မှာ စက်သုံးဆီလိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလောက် ဝယ်ယူသုံးစွဲနိုင်မယ်လို့ ကော်မတီက ဆိုပါတယ်။
စက်သုံးဆီဈေးနှုန်းတွေကလည်း အရင်သီတင်းပတ်ကထက် တစ်လီတာကို ၈၅ ကျပ်မှ ၁၁၅ ကျပ်အထိ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းကနေ သိရပါတယ်။
သတင်း - BETV Business

image