🏞 ဆယ်အိမ်တန်းကမ်းခြေ 🏞
ရန်ကုန်မြို့ပြမှာ မွန်းကြပ်လို့ ကျေးလက်အငွေ့အသက်လေးလည်းခံစားချင်တယ် ကမ်းခြေခရီးလေးတစ်ခုလည်းသွားချင်တဲ့သူများအတွက် ရန်ကုန်မြို့နဲ့ အနီးဆုံး ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော သဘာဝကမ်းခြေလေးတစ်ခုဖြစ်တဲ့ ဆယ်အိမ်တန်းကမ်းခြေလေးကိုရွေးချယ်ဖို့ညွှန်းဆိုပါရစေ..
🍀ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကျေးရွာ၊ ဆယ်အိမ်တန်းကမ်းခြေ ပဲဖြစ်ပါတယ်။
🍀ရန်ကုန်ပန်းဆိုးတမ်း ဆိပ်ကမ်း ကနေ ဒလဘက်ကို ကူးပြီး ရင် ဒလဘက်ခြမ်းမှာ ကွမ်းခြံကုန်းဘက်ကို သွားတဲ့ အဌားယာဉ်တွေ ရှိပါတယ် ။
ရှေ့ခန်း၊အလယ်ခန်း ၊နောက်ခန်းဆိုပြီး စျေးတွေကွာပါတယ် ။
သူငယ်ချင်းတွေ မိသားစု တွေနဲ့ လာမယ်ဆိုရင်တော့ ကားစီးလုံးလိုက်ဌားလိုက်ရင် ပိုပြီး အဆင်ပြေပါတယ်။
အချိန်ကတော့ ၂နာရီ၀န်းကျင်လောက်စီးရပါလိမ့် မည်။
# ကွမ်းခြံကုန်း ဘက်ရောက်ရင်တော့ ဆယ်အိမ်တန်း ကမ်းခြေအထိ လမ်းတွေတော်တော်ကောင်းနေပါပြီ♥️
# မနက် စောစောလေး ရန်ကုန်က ထွက်ရင်တော့ ကမ်းခြေမှာ တစ်နေကုန်နေပြီး အပန်းဖြေဖို့ အချိန်တွေ အများကြီးရပါလိမ့်မယ်။💯
# ဒလကနေ ဆယ်အိမ်တန်းကမ်းခြေကို သွားတဲ့လမ်းတွေက သုံးလမ်းလောက်ရှိတယ်။
#၁)ကံဘဲ့ စံပြကျေးရွာဘက်ကလည်းသွားရောက်နိုင်သလို။
#၂)ကော့မှူးဘက် ကနေလည်းသွားရောက်နိုင်ပါတယ်။
#၃)ကွမ်းခြံကုန်း ဘက်ကနေလည်းသွားရောက်နိုင်ပါတယ်။
# လမ်းမှာ ကရင်လူမျိူးအများစုနေထိုင်ပြီးအေးချမ်းတဲ့ ရွာလေးမှာ ကရင်တာလဘောနဲ့စားလို့ရတဲ့ ထမင်းဆိုင်တွေ လည်းရှိနေပါပြီ။
# ဆယ်အိမ်တန်းကမ်းခြေ ကိုသွားတဲ့ လမ်းမှာ တချိန်က နာမည်ကြီးပြီးကမ္ဘာလှည့်ခရီးသွားတွေတောင် လာရောက်ခဲ့တဲ့
# လက်ခုပ်ကုန်း ကမ်းခြေ🏝ကို လွမ်းမောဖွယ်တွေ့နိုင်ပါဦးမယ်။
#saleaintanbeach?က ဆယ်အိမ်တန်းရွာလေးနဲ့အလယ်ရွာဆိုတဲ့ရွားလေးနစ်ခုကြားဖြစ်တည်နေတာပဲဖြစ်ပါတယ်။
ရန်ကုန်ကနေ နေ့ချင်းပြန်သွားရတာ ဖြစ်လို့ ကမ်းခြေ
# အရသာခံစားချင်ပြီး ငွေဆောင်တို့ငပလီတို့ သွားဖို့ အချိန် မပေးနိုင်သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။
# တစ်ဆက်တည်းမှာပဲ ရုံးသမား ကျောင်းသမား ကုမ္ပဏီ၀န်ထမ်းတွေ အတွက် Budget travel လေးဆိုလည်းမမှားပါဘူး ။
# လတ်ဆတ်တဲ့ပင်လယ်စာတွေ စားလို့ရမယ် ၊မွန်းကျပ်နေတဲ့ မြို့ပြထက် တိတ်ဆိတ်အေးချမ်းမယ် ။
# လေကောင်းလေသန့်တွေ တဝကြီးရှူမယ် လမ်းတစ်လျှောက် သာယာလှပတဲ့ ရွာလေးတွေကို ငေးမယ်ဆိုရင်တော့
# သင့်ရဲ့ ရုံးပိတ်ရက်ကျောင်းပိတ်ရက်တွေကို ဆယ်အိမ်တန်း ကမ်းခြေမှာ အနားယူရင်း ကုန်ဆုံးဖို့ အကြံပြုပါရစေ။
# သားသား၊မီးမီးလေးတွေပါရင်လဲ ဆော့ကစားစရာလို့ကောင်းတဲ့နေရာလေးတွေရှိတော့ပျော်ကြမှာအမှန်ပဲနော်။
# ဆယ်အိမ်တန်း ရောက်ရင် ဓာတ်ဖမ်းကောင်းသောနေရာလေးတွေလဲရှိတာကြောင့် ချစ်သူရည်းစားတွေ၊ မိသားစုအပေါင်းဖော်တွေနဲ့ အမှတ်တရတွေဖန်တီးဖို့လဲအကောင်းဆုံးဖြစ်နေမှာပါ 💯✅
#သွားမယ်&တည်းမယ်

imageimage
+5