23 w - Translate

ရှက်ဖီးယူနိုက်တက်ကို နှစ်ကျော့ပေါင်းသွင်းဂိုးမှာပရီးမီးယားလိဂ်စံချိန်သစ်တင်သွားတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းသည် အမှတ်ပေးဇယားအောက်ဆုံးမှ ရှက်ဖီးယူနိုက်တက်အသင်းအား (၅-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ရာ နှစ်ကျော့ပေါင်းသွင်းဂိုးမှာ (၁၃)ဂိုးအထိရှိသွားခဲ့ပြီး ယင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ကစားခဲ့သော ပထမအကျော့အဝေးကွင်းပွဲစဉ်တွင် ရှက်ဖီးယူနိုက်တက်အသင်းကို (၈-ဝ)ဂိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အသင်းတစ်သင်းက အခြားအသင်းတစ်သင်းအား နှစ်ကျော့ပေါင်း ဤမျှဂိုးများများမသွင်းဖူးသေးဘဲ ယခု (၁၃)ဂိုးက အများဆုံးဖြစ်ရာ ပြိုင်ပွဲ၏ စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။ အမှတ်ပေးဇယားအောက်ဆုံးမှ ရုန်းမထွက်နိုင်ဖြစ်နေသော ရှက်ဖီးယူနိုက်တက်အသင်းသည် ယင်းပွဲအပြီးတွင် ပရီးမီးယားလိဂ်မှ တန်းဆင်းလက်မှတ် စောစောစီးစီးရရှိသွားခဲ့သည်။

image