5 w - Translate

#ပြည်တွင်းသတင်း
◼လွိုင်ကော်- ဆီဆိုင်ကားလမ်း ဖြတ်သန်းသွားလာခွင့်ယာယီရပ်ဆိုင်းထားဟုဆို
ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်ကယားပြည်နယ်အားဆက်သွယ်ထားသည့် လွိုင်‌ကော်-ဆီဆိုင် ကားလမ်း၌ အချိန်မရွေးတိုက်ပွဲဖြစ်ပွားမှုများဖြစ်ပေါ်နိုင်သောကြောင့် ယမန်နေ့(မတ် ၂၀ ရက်) မှ စတင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
“ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာတော့မသိသေးဘူး။ တိုက်ပွဲတွေဖြစ်နိုင်လို့ပိတ်တာဖြစ်နိုင်ပါတယ်။ အရင် ကလည်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆို အဲဒီလမ်းကပိတ်တာပဲ” ဟု လွိုင်ကော်မြို့တွင် နေထိုင်သူ တစ်ဦးကပြောသည်။
အဆိုပါကားလမ်းတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွား မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ဒေသခံများကပြောဆိုထားသည်။
လက်ရှိတွင် လွိုင်‌ကော်-ဆီဆိုင်ကားလမ်းမှတစ်ဆင့်ဖြတ်သန်းသွားလာခြင်းကိုယာယီရပ်ဆိုင်းဖို့ KNDF ကထုတ်ပြန်ထားပြီး ပြန်လည်သွားလာခွင့်ရမည့်ရက်ကို အသိပေးကြေညာမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - CJ

image