23 w - Translate

ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားသမားဘ၀ ဂိုး(၄၀၀)ပြည့်သွားခဲ့တဲ့ ကိန်း

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သော ဘွန်ဒက်စ်လီဂါပွဲတွင် အသင်းအတွက် ဂိုး(၂)ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းတွင် ကစားသမားဘ၀ ဂိုး(၄၀၀)ပြည့်သွားခဲ့ကြောင်း သိရသည်။ယင်းဂိုးမှာ ကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းတွင် (၄၂)ပွဲကစားရာ၌ (၄၂)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ကလပ်အသင်းများအတွက် ကစားသမားဘဝတွင် (၃၃၈)ဂိုးမြောက် ဂိုးဖြစ်ခဲ့သည်။ကိန်းသည် တော့တင်ဟမ်ဟော့စပါးအသင်းတွင် (၂၈၀)ဂိုး၊သူအငှားသွားရောက်ကစားခဲ့သောကလပ်အသင်းများဖြစ်သည့် လေတန်အိုးရီးယန့်အသင်းတွင် (၅)ဂိုး၊မီဝေါလ်အသင်းတွင် (၉)ဂိုး၊လက်စတာအသင်းတွင် (၂)ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၆၂)ဂိုးသွင်းယူထားရာ သူ၏ ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်းမှာ ဂိုး(၄၀၀)ပြည့်သွားခဲ့ခြင်းဖြစ်သည်။RSSSF ၏မှတ်တမ်းများအရ အင်္ဂလန်ကစားသမားများထဲတွင် ကစားသမားဘ၀ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူမှာ (၁၉၂၉) မှ(၁၉၆၁) ခုနှစ်အထိ ကစားခဲ့သော တိုက်စစ်မှူးရွန်းနီ ရော်ကီဖြစ်ပြီး (၉၃၄)ဂိုးထိ သွင်းယူခဲ့ကြောင်း သိရသည်။

image