23 w - Translate

လပေါ်မှာ Chatting ထိုင်မယ်၊ အင်္ဂါဂြိုလ်ပေါ်မှာ Streaming လုပ်မယ်

ကမ္ဘာပေါ်မှာ အင်တာနက်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်တာဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် ဘာမှခက်ခဲတဲ့ ကိစ္စရပ်တစ်ခု မဟုတ်တော့ပါဘူး။ ဒါဆိုရင် အာကာသထဲမှာဆိုရင်ရော...? အာကာသထဲမှာတော့ ကမ္ဘာဂြိုလ်ပေါ်က Physics သဘောတရားတွေ၊ လိုအပ်ချက်တွေနဲ့ မတူတော့တာမို့ အခက်အခဲတွေ ပေါ်လာပါပြီ။ အင်တာနက်တိုင်တွေကို အာကာသထဲလွှတ်ဖို့အတွက် ကမ္ဘာဂြိုလ်မှာလို တိုင်အကြီးကြီးတွေ သယ်ယူဖို့ခက်ခဲတာ၊ လေဖိအား၊ မြေဆွဲအား၊ အပူချိန် စတဲ့ အကြောင်းအရာ တွေအများကြီး ထည့်တွက်ရတော့မှာဖြစ်ပါတယ်။

အာကာသထဲမှာ 4G ကွန်ရက်တည်ဆောက်ဖို့အတွက် NASA နဲ့ Nokia တို့ကတော့ စတင်ကြံစည်နေပြီးဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ၊ Hardware တွေကိုလည်း ဒီနှစ်ထဲ အာကာသထဲကိုထွက်မယ့် SpaceX နဲ့ထည့်ပေးနိုင်ဖို့ စီစဥ်နေတယ်လို့လည်း သတင်းထွက်လာပါတယ်။

အာကာသထဲမှာသာ 4G သုံးနိုင်လာမယ်ဆိုရင် နောက်ပိုင်း Moon Landing Mission တွေ၊ Mars ကိုသွားမယ့် အစီအစဥ်တွေမှာ ဆက်သွယ်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာနိုင်တာမို့ ဒီကိစ္စကို စီစဥ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အရင်တုန်းက အာကာသယဥ်မှုးတွေအနေနဲ့ Radio Signal ကိုအသုံးပြုပြီး ဆက်သွယ်ရေးကနေ HD Video Call တွေ၊ အရေးကြီးတဲ့ Science Data တွေကို ကမ္ဘာမြေပေါ်ကို ပြန်ပို့ဖို့အတွက် 4G ဆက်သွယ်ရေးက အများကြီး အထောက်အကူဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စအတွက်လည်း ဒေါ်လာ ၁၅ သန်းခန့်အထိ ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။

မကြာခင်မှာ အာကာသထဲက Streaming ကို ကျွန်တော်တို့မြင်လာရတော့မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

image