လယ်ဝေးမြိုနယ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသား နှစ်ဦး အလောင်းတွေ့ရှိ
*********************
(ပြည်တွင်း) မတ်လ ၂၂
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်မြေယာကျေးရွာနှင့် ဒလန့်ချွန်ကျေးရွာအကြား ဒလန့်ချွန်ကျေးရွာ လမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီကျော်အချိန်ခန့်က လူ ၂ ဦးအားသေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ကိုငယ်လေး၊ ၄၁ နှစ်၊ ရွာဆင်ပေါင်မြို့နယ်နေသူတွင် မျက်နှာကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပက်လက်လဲကျသေဆုံးနေပြီး၊ ခင်မောင်ဝင်း၊ ၃၅ နှစ်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်တို့ဖြင့် မှောက်လျက် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်နေရာမှ ၉ မမ ကျည်ခွံ(၂)ခု၊ ၇.၆၂×၃၉ ကျည်ခွံ(၃)ခုတွေ့ရပြီး သေဆုံးသူများအား ဆေးရုံသို့ ပို့ဆောင်ရန် စီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
