5 ပတ် - ဘာသာပြန်ပါ။

မွေးဖွားခါနီး သင်္ကြန်သီချင်းနဲ့ ကနေတဲ့ ဇနီးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ နီနီခင်ဇော် ခင်ပွန်း 🥰🥰🥰
နီနီခင်ဇော်ဟာ ကိုယ်ဝန် ၃၈ ပတ်နဲ့ နေ့စေ့လစေ့မွေးဖွားတော့မယ့် ကိုယ်ဝန်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ သမီးလေးကို ကိုယ်ဝန်လွယ်ထားရပေမယ့် တစ်ဘက်မှာလည်း သူမရဲ့ အနုပညာအလုပ်တွေကို လစ်ဟင်းမှုမရှိအောင် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ယခုဆိုရင် သမီးလေးနဲ့တွေ့ရဖို့ ဖခင်ဖြစ်တဲ့ သူမခင်ပွန်းကလည်း နိုင်ငံရ​ပ်ခြားကနေ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ခင်ပွန်းသည်ကို အနားမှာထားကာ သင်္ကြန်သီချင်းနဲ့ ကပြဖျော်ဖြေနေတာကို ခင်ပွန်းဖြစ်သူက ကြည့်ရင်း ဝမ်းသာပျော်ရွှင်နေတာဖြစ်ပါတယ်။ နီနီခင်ဇော်ဟာ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်ပေမယ့် လွတ်လပ်ပေါ့ပါးစွာ ဂီတ အလုပ်တွေကို လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။

image