23 w - Translate

AI ဟာ အတော်လေး ကြောက်ဖို့
ကောင်းတဲ့အထဲပါပါတယ်။
အောက်မှာပြထားတဲ့ ပုံနှစ်ပုံကိုကြည့်ရင်
ရယ်နေတဲ့ပုံနဲ့ ရန်ဖြစ်နေတဲ့ပုံ
နှစ်ပုံကို တွေ့ရပါမယ်။
မီလန်ဒါဘီကို အေစီကွင်းမှာ
ကစားတဲ့ပွဲကို ကြည့်လိုက်တဲ့
ပရိသတ်ပဲ ဘယ်ပုံကအစစ်လဲဆိုတာ
သိနိုင်ပါမယ်။
ရန်ဖြစ်နေတဲ့ပုံက တကယ့်အစစ်ပါ။
အဲ့တုန်းက အင်တာနိုင်ရင်
ဗိုလ်စွဲမှာကို သိနေတဲ့ မီလန်ဟာ
မရ ရတဲ့နည်းနဲ့ ဟန့်တားဖို့
ကြိုးစားနေပါပြီ။
ပွဲပျက်သွားမှာစိုးတဲ့
အင်တာအသင်းခေါင်းဆောင် မာတီနက်ဇ်ဟာ
ရသမျှနည်းလမ်းနဲ့ သူ့အသင်းကို
ကာကွယ်ပေးနေပါတယ်။
ဒါပေမဲ့ ဥရောပတခွင်မှာ
ရေပန်းစားသွားတဲ့ပုံက ရယ်နေတဲ့ပုံပါ။
ပရိသတ်ဆိုတာ ဘောလုံးပွဲကို
အပြီးထိ ထိုင်ကြည့်တဲ့သူရှားပါတယ်။
မနက်ကျမှ သတင်းစောင့်ဖတ်၊
ဟိုက်လိုက်ကြည့်တာမျိုးပဲလုပ်တာပါ။
ဒီတော့ မီလန်ဒါဘီက ရယ်စရာလိုလို
ဘာလိုလို ဖြစ်သွားပါတယ်။
လက်တွေ့မှာတော့ အတော်လေး
ခမ်းနားခဲ့တဲ့ ဒါဘီပွဲပါ။
ဒီလို အပြောင်အပျက်လုပ်ခံရဖို့ မထိုက်တန်ပါဘူး။

Credit

image