23 w - Translate

ဒီရာသီမှာ ကြီး(၆)ကြီးပြိုင်ဘက်အားလုံးကိုအရှုံးမရှိတဲ့မှတ်တမ်း အာဆင်နယ်ပိုင်ဆိုင်နိုင်မလား

အာဆင်နယ်အသင်းသည် မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးအသင်းကို မြောက်လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ်တွင် (၃-၂)ဂိုးဖြင့် အနိုင်ကစားခဲ့ရာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကြီး(၆)ကြီးပြိုင်ဘက်အားလုံးကိုအရှုံးမရှိသည့် မှတ်တမ်းအား ပိုင်ဆိုင်ရန်နီးစပ်လာခဲ့သည်။ယခုရာသီတွင် အာဆင်နယ်အသင်းအနေဖြင့် ကြီး(၆)ကြီးအသင်းများထဲမှ မန်ယူနိုက်တက်အသင်းနှင့်သာ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ကစားရန်ကျန်ရှိနေပြီး ကျန်အသင်းအားလုံးနှင့် အိမ်ကွင်း၊အဝေးကွင်း(၉)ပွဲအထိ ကစားထားပြီးဖြစ်သည်။ယင်း(၉)ပွဲတွင် (၅)ပွဲနိုင်၊(၄)ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး မန်ယူနိုက်တက်မှလွဲ၍ ကျန်အသင်းများအား နိုင်ပွဲတစ်ပွဲ၊သရေပွဲတစ်ပွဲ ကစားထားခြင်းဖြစ်သည်။ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ကစားမည့် မန်ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲကို လာမည့်မေလ(၁၂)ရက်နေ့တွင် ကစားမည်ဖြစ်ပြီး မန်ယူနိုက်တက်အသင်းအနေဖြင့် ပြိုင်ဘက်အာဆင်နယ်အသင်း၏ မှတ်တမ်းကောင်းတစ်ခုအား ဖျက်ဆီးနိုင်မလားဆိုသည်ကို ကြည့်ရမည်ဖြစ်သည်။

image