23 w - Translate

ဘာကြောင့် စက်ဝိုင်းပုံ တံတား တည်ဆောက်ရသလဲ
ဒီတံတားကို အဖြောင့်အတိုင်း ဆောက်လိုက်ရင် ရနေတာ ဘာလို့ စက်ဝိုင်းပုံ ဆောက်ထားတာလဲဆိုပြီး မှတ်ချက်ပေးကြတယ်။ တကယ်တော့ ဒီတံတားကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာပညာရှင်က တံတားရဲ့ ခိုင်ခံ့မှု၊ မြင်ကွင်းလှပမှု၊ ရှုခင်းကြည့်ရှုနိုင်မှု ဆိုတဲ့ အချက်(၃)ချက်ကို ထည့်သွင်းစဉ်းစားပြီး စက်ဝိုင်းပုံ ဒီဇိုင်းဆွဲခဲ့တာပါ။
အခုမြင်ရတဲ့ တံတားက ဥရုဂွေးနိုင်ငံ၊ လာဂူနာဂါဇွန်ရေကန်ကြီးကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားပါ။ Laguna Garzón Bridge လို့ ခေါ်တယ်။ နယူးယော့ခ်မြို့မှာ အခြေချတဲ့ ဥရုဂွေးဗိသုကာဒီဇိုင်းပညာရှင် ရာဖေးဗီနိုလီ(Rafael Viñoly) က ဒီဇိုင်းဆွဲပေးခဲ့တာပါ။ တံတားပေါ် ရောက်တာနဲ့ သတ်မှတ်အမြန်နှုန်းကို လျှော့ချမောင်းနှင်စေပြီး ရှုခင်းကြည့်နိုင်အောင် လူသွားစင်္ကြံလမ်းတွေ ထည့်သွင်းပေးထားတယ်။
တံတားကို အဖြောင့်အတိုင်း ဆောက်လုပ်တာထက်စာရင် စက်ဝိုင်းပုံ တည်ဆောက်တာဟာ ဖိအားတွေကို တစ်နေရာတည်းမဟုတ်ဘဲ အညီအမျှ ခွဲဝေသက်ရောက်စေသလို ဖြစ်တာကြောင့် structural integrity ( ဖွဲ့စည်းပုံ ခိုင်မာအားကောင်း)ဖြစ်စေပါတယ်။ ပြီးတော့ ရေကန်ကြီးထဲမှာ နောက်ထပ်စက်ဝိုင်းပုံ ရေကန်တစ်ခုကို မြင်ရသလို မြင်ကွင်းလှပမှုကိုလည်း ခံစားရစေပါတယ်။
ရာဖေးဗီနိုလီရဲ့ ဒီဇိုင်းတွေက ထူးခြားပါတယ်။ လန်ဒန်မြို့က Walkie Talkie မိုးမျှော်အဆောက်အအုံကိုလည်း သူပဲ ဒီဇိုင်းဆွဲခဲ့တာပါ။
Ref: Laguna Garzón Bridge, Rafael Viñoly
Credit to Team ( ရိုးရာလေး)

image