23 w - Translate

အမြွှာညီအစ်မ ၄ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အသက် ၂၄ နှစ်အရွယ် တရုတ်အဆိုအဖွဲ့

အမြွှာညီအစ်မ ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဆိုအဖွဲ့ကို တွေ့ဖူးချင်တွေ့ဖူးကြပေမဲ့ ဒီတရုတ်အဆိုအဖွဲ့ Red on Wood ကတော့ အမြွှာညီအစ်မ ၄ ယောက်နဲ့ဖွဲ့စည်းထားတာမို့ ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ ၄ မြွှာပူးညီအစ်မတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကျူဝမ်ဘင်း၊ ဝမ်ချင်း၊ ဝမ်ယွီ၊ ဝမ်ကျဲတို့ဟာ မကြာသေးခင်ကမှ Xin Shen Wei Ding (Undecided Mind) အယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

နန်ကျင်းမြို့မှာ မွေးဖွားတဲ့ သူတို့အမြွှာညီအစ်မတွေက ချစ်ဖို့ကောင်းတဲ့မျက်နှာလေးတွေပိုင်ဆိုင်ထားတဲ့အပြင် အဆိုပိုင်းမှာ အရည်အချင်းလည်းရှိကြပါတယ်။ အဆိုတော်-တေးဆရာတွေဖြစ်တဲ့ သူတို့တွေရဲ့ဂီတအပေါ်ချစ်မြတ်နိုးမှုက ငယ်စဉ်ကတည်းက ဖြစ်တည်လာခဲ့ပြီး ဘော့စတွန်က ထင်ရှားတဲ့ Berklee College of Music မှာလည်း တက်ခဲ့ကြတာပါ။

သူတို့အတူတူဖျော်ဖြေတင်ဆက်ရတာကို နှစ်သက်တာကြောင့် ကိုယ်ပိုင်အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ရုပ်ရော ဝါသနာရောတူညီကြပေမဲ့ သူတို့အသွင်အပြင်လက္ခဏာတွေမှာတော့ ကွာခြားပါတယ်။ ဝမ်ချင်းက နည်းနည်းအရပ်ရှည်ပြီး သေးသွယ်တယ်။ ဝမ်ဘင်းက အေးဆေးတည်ငြိမ်တယ်။ ဝမ်ယွီက ရိုးရှင်းတယ်၊ ဝမ်ကျဲက ထက်မြက်ပြီး တက်ကြွပါတယ်။

သူတို့ကလေးဘဝတုန်းကလည်း သူတို့ရဲ့မွေးရပ်မြေမှာ လူသိများကြပါတယ်။ လေးမြွှာပူးဖြစ်တဲ့အတွက်ကြောင့် သူတို့မွေးဖွားမှုက နာမည်ကြီးခဲ့တယ်လို့ဆိုရမှာပါပဲ။ အစက သူတို့ရဲ့အမေက ၃ မြွှာပူးကလေးရှိခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။ အစပိုင်းမှာ ၃ ယောက်မွေးဖွားခဲ့ပြီးနောက် ဗိုက်ထပ်နာလာခဲ့ပြီး ၄ ယောက်မြောက်ကလေးလေးထွက်လာခဲ့တာပါပဲ။

သူတို့အမြွှာညီအစ်မတွေက အသက် ၈ နှစ်က ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နန်ကျင်းမြို့မှာ ကျင်းပတဲ့ 2013 Asian Youth Games အတွက် မီးရှူးမီးပန်းကိုင်ဆောင်သူတွေလည်းဖြစ်ခဲ့ပါတယ်။

Ref: 24-Year-Old Quadruplets In China

imageimage