23 w - Translate

တန်ဇန်နိုက်ကျောက်(Tanzanite)ဆိုတာ စိန်ထက် အဆရာပေါင်းများစွာ ပိုရှားတယ်။ ကမ္ဘာပေါ်မှာ တန်ဇန်နိုက်ကျောက် တွေ့ရတဲ့ နေရာတစ်ခုပဲ ရှိတယ်။ တန်ဇန်းနီးယားနိုင်ငံမှ ကီလီမန်ဂျာရိုတောင်ခြေရင်းမှာပဲ တွေ့ရတာပါ။

ကီလီမန်ဂျာရိုတောင်ဟာ မီးတောင်သေဖြစ်ပြီး ကမ္ဘာပေါ်မှာ စတုတ္ထအမြင့်ဆုံး၊ အာဖရိကရဲ့ အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ တန်ဇန်နိုက်ကျောက်ကို စတွေ့ခဲ့တာဖြစ်ပြီး ၁ ကာရက်ကို ဒေါ်လာ ၁၅၀၀ နှုန်းနဲ့ ရောင်းခဲ့တာပါ။ ဒါပေမဲ့ အရည်အသွေးကောင်းရင်း ကောင်းသလောက် ဈေးနှုန်း မြင့်ပါတယ်။ တန်ဇန်နိုက်ကျောက်ဟာ အလင်းကျမှုအပေါ် မူတည်ပြီး အရောင်းပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

image