Prison Break (Reboot) အတွက် နာမည်ရ သရုပ်ဆောင်တွေကို ထပ်မံရွေးချယ်
၂၀၂၃ ခုနှစ်အတွင်းမှာ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Prison Break ကို Reboot ချ ရိုက်ကူးသွားမယ်လို့ အတည်ပြုကြေညာလိုက်တဲ့အတွက် ရုပ်ရှင်ပရိသတ်တွေကြား ဝေဖန်သံတွေ ပွက်လောညံခဲ့တဲ့အပြင် ကြားရသူအပေါင်း အံ့ဩတကြီး ဖြစ်ခဲ့ရပါတယ်။
ဒီသတင်းထွက်လို့ နှစ်အတန်ကြာပြီးနောက်မှာ Prison Break Reboot က ဇာတ်လမ်းအတွက် တည်ဆောက်မှု၊ ပြင်ဆင်မှုတွေအပြင် ယခုအချိန်မှာ သရုပ်ဆောင်တွေ ရွေးချယ်မှုနဲ့အတူ တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပြီပါပြီ။
Hulu ကနေ ထုတ်လွှင့်သွားမယ့် ဒီ reboot မှာ ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်တဲ့ Sucker Punch မှ Emily Browning, Euphoria မှ Lukas Gage, Landman မှ Drake Rodger သုံးယောက်ကို အမြဲတမ်းသရုပ်ဆောင်အဖြစ် ဒီရက်ပိုင်းအတွင်းမှာ ရွေးချယ်ခဲ့တာပါ။
ဇာတ်လမ်းထဲမှာ Emily Browning က စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကရဲ့ အကြမ်းတမ်းဆုံး ထောင်တစ်ခုမှာ အလုပ်လုပ်မယ့် ဇာတ်ကောင်နေရာ၊ Lukas Gage က ချမ်းသာကြွယ်ဝတဲ့ နောက်ခံရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်၊ Drake Rodger က အမေရိကရဲ့ ကြောက်စရာအကောင်းဆုံး ထောင်မှာ အကျဉ်းကျခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဖြစ်တဲ့ လူဆိုးတစ်ယောက်အနေနဲ့ အသီးသီး သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Reboot စီးရီးက ပရိသတ် အခိုင်အမာရှိထားပြီးသားဖြစ်တဲ့ ယခင် Prison Break နဲ့ Universe တစ်ခုထဲမှာ ရှိမှာဖြစ်ပေမဲ့ မူလဇာတ်ကောင်တွေကတော့ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

image