23 w - Translate

ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာဘယ်လင်ဂမ် ဂိုးဘယ်လောက်သွင်းနိုင်မလဲ❓

ရီးရဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်သည် ယခုရာသီ၌ လာလီဂါ(၁၇)ဂိုးအပါအဝင် ပြိုင်ပွဲစုံ၌ (၂၁)ဂိုးအထိ သွင်းယူထားပြီး အသင်းတွင် ဂိုးအများဆုံးသွင်းထားသူအဖြစ် ဦးဆောင်နေသည်။ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတွင် ဘယ်လင်ဂမ်ကဲ့သို့ ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ၌ ခြေစွမ်းပြပြီး ဂိုးအများအပြားသွင်းယူနိုင်ခဲ့သည့် ကစားသမားများစွာရှိခဲ့ကြသည်။(၂၁)ရာစုနှစ်များတွင် ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ၌ လက်ရှိဘယ်လင်ဂမ်သွင်းယူထားသော ဂိုးအရေအတွက်ထက် ပိုများသည့်ပမာဏကို သွင်းယူနိုင်ခဲ့သည့် ကစားသမားများမှာ ပေါ်တူဂီစူပါစတား ရော်နယ်လ်ဒို(၃၃ ဂိုး/၂၀၀၉-၁၀ ရာသီ)၊နယ်သာလန်တိုက်စစ်မှူး နစ္စတယ်ရွိုင်း(၃၃ ဂိုး/၂၀၀၆-၀၇ ရာသီ)၊ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒို(၃၀ ဂိုး/၂၀၀၂-၀၃ ရာသီ)၊ဝေးလ်စ်တောင်ပံကစားသမား ဘေးလ်(၂၂ ဂိုး/၂၀၁၃-၁၄ ရာသီ)တို့ ဖြစ်ကြသည်။အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဂမ်အနေဖြင့် ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီတွင်
ဂိုးဘယ်လောက်သွင်းနိုင်မလဲဆိုသည်နှင့် အထက်ပါကစားသမားများထဲမှ မည်သူ၏ ဂိုးမှတ်တမ်းကို ကျော်ဖြတ်နိုင်မလဲဆိုသည်ကို လက်ကျန်ပွဲများတွင် ကြည့်ရမည်ဖြစ်သည်။

image