23 w - Translate

❝ ၂၀၂၀ နဲ့ ၂၀၂၁ က ကျနော့်ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်တွေပါ။ လတ်တလောမှာတင် သူငယ်ချင်းတစ်ယောက်က ကျနော့်ရဲ့အဲ့ ၂ နှစ်တုန်းက အချက်အလက်တွေကို လာပို့သေးတယ်။
၈၅ ပွဲကစားပြီး ကျနော် ဂိုး ၁၀၀ သွင်းယူခဲ့တာလေ။ ကျနော်လည်း တချိန်မှာတော့ ဘာလွန်းဒေါဆုကို လိုချင်တာပေါ့ဗျာ၊ ဒါပေမဲ့လည်း ၂၀၂၁ ရဲ့ ဘာလွန်း​ဒေါဆုကတော့ မက်ဆီနဲ့ပဲ ပိုပြီးထိုက်တန်ပါတယ်။
အစကတော့ ၂၀၂၀ ဘာလွန်း​ဒေါကို ပြန်ပေးမယ်လို့ ကောလဟာလတွေကြားပေမဲ့ အခုတော့ မဖြစ်နိုင်မှန်းသိသွားပါပြီ။
အဲ့နှစ်က ကျနော် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ၊ အမြင့်ဆုံးအခြေအနေကို ရောက်ခဲ့တာပေါ့။ ကျနော်တို့ အရာအားလုံးကိုလည်း အောင်နိုင်ခဲ့တယ်။
ဘာလွန်းဒေါကို ရချင်တယ်ဆိုပေမဲ့ အဲ့ဆုကို မရလို့တော့ ဝမ်းနည်းတာမျိုး၊ ဒေါသထွက်တာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ ၂ နှစ်ထဲက တစ်နှစ်မှာတော့ ကျနော် ရခဲ့သင့်တယ်ဆိုတဲ့စိတ်မျိုး ဖြစ်မိပါတယ်။
ရှင်းရှင်းပြောရရင် ၂၀၂၀ ဘာလွန်းဒေါကို နောက်ထပ် ၄ နှစ်လောက်အကြာမှာ လက်ခံရရှိမယ်ဆိုရင်တော-င် စော်ကားတယ်လို့ ကျနော် ခံစားမိမှာမဟုတ်ပါဘူး၊ အရမ်းကို ဂုဏ်ယူမိမှာပါပဲ။ ❞ 💔
~လီဝန်ဒေါစကီး (ဘာစီလိုနာတိုက်စစ်မှုး)
Source- ( SPORTBILD 🏅)
Credit to football corner

image