23 w - Translate

Apple လိုမျိူး ဘယ်ကုမ္ပဏီမှ လိုက်မလုပ်နိုင်တဲ့အရာတွေရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Security, Privacy နဲ့ Ethics အပိုင်းတွေပါ။

အရင်ကတည်းက Apple ဟာ Security, Privacy အပိုင်းတွေနဲ့ ပတ်သက်ပြီးနာမည်ကြီးတယ်။ AI ခေတ်မှာလည်း Training Data တွေအတွက် သက်ဆိုင်ရာကုမ္ပဏီတွေဆီကနေ လိုင်စင်ဝယ်သုံးတာကို မကြာခဏဆိုသလို ကြားရတယ်။ ဒါက Ethics ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး Apple ကို လေးစားရမဲ့ အချက်ပါ။

အခုလည်း Apple က အဖော်အချွတ်လုပ်လို့ရတဲ့ AI Image App တွေကို App Store ပေါ်ကနေ ဖြုတ်ချနေပြီလို့ သိရတယ်။ ဒါမျိူးတွေကို ကြည့်ခြင်းအားဖြင့် Apple အနေနဲ့ User တွေရဲ့ Privacy နဲ့ Ethics အပေါ် ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ မြင်သာစေတယ်။

image