5 ပတ် - ဘာသာပြန်ပါ။

ဒါကြောင့် နွေရာသီအတွက် မျက်နှာသစ်ရှာတဲ့အခါ

1. Deep cleansing သေချာဖြစ်ရမယ်
2. မျက်နှာသစ်ပြီးသွားရင် သင့်တင့်တဲ့အစိုဓာတ်လဲ ကျန်နေခဲ့ရမယ်
3. pH balance ဖြစ်ရပါမယ်

ဒီ 3ချက်နဲ့ကိုက်ညီရင် အဲ့ဒီမျက်နှာသစ်မျိုးကို ဆွဲသာစိလိုက်တော့နော်🔑🍃

Skincare ပုံမှန်လုပ်တဲ့သူအတွက်တောင် အဖုထွက်မှာ ကြောက်ရတဲ့ နွေရာသီပါ။ နွေရာသီရောက်ပြီဆိုရင် ဝက်ခြံအဆီဖုလေးတွေက ပြူတစ်ပြူတစ်နဲ့ ထွက်လာတတ်ကြတယ်။ ကိုယ်တွေလို ဖုန်ပေါ အပူလွန်ကဲတဲ့ မြန်မာပြည်နဲ့ဆို ပိုဆိုးတာပေါ့နော်။ ချွေးပေါက်တွေထဲမှာ အဆီနဲ့ဖုန်မှုန့်တွေ ပိတ်ဆို့လွယ်လို့ မျက်နှာသစ်ဝယ်တဲ့အခါ deep cleansing သေချာဖြစ်တာမျိုးကို ရွေးချယ်ဖို့လိုပါတယ်။ Deep cleansing ဖြစ်တယ်ဆိုတာက အမြုပ်ထွက်အားများတာကို ပြောခြင်းမဟုတ်ဘူး။ လူအများစုက အဲ့လိုမျိုး အမှတ်မှားတတ်ကြလို့။ အတန်အသင့်အမြုပ်ထွက်လဲပဲ deep cleansing ကောင်းတဲ့ မျက်နှာသစ်တွေ တွေ့ရတယ်။ မျက်နှာသစ်တခုက deep cleansing ဖြစ်နေရုံနဲ့ မပြီးဘူး။ အရေးကြီးတဲ့အချက်က သူ့သုံးပြီးသွားရင် မျက်နှာက သင့်တင့်တဲ့အစိုဓာတ်လေးလဲ ကျန်နေခဲ့ရမယ်။ အဲ့လိုမဟုတ်ရင် သုံးသော်လည်းအလကား မျက်နှာအတွက် အကျိုးမရှိတဲ့အပြင် အချိန်အတိုင်းအတာတခုအတွင်းမှာ skin barrier ထိပြီး အသားအရေက sensitive ဖြစ်သွားတာမျိုး အရမ်းတွေ့ရပါတယ်။

~ဒါကြောင့် နွေရာသီအတွက် မျက်နှာသစ်ရှာတဲ့အခါ

1. Deep cleansing သေချာဖြစ်ရမယ်
2. မျက်နှာသစ်ပြီးသွားရင် သင့်တင့်တဲ့အစိုဓာတ်လဲ ကျန်နေခဲ့ရမယ်
3. pH balance ဖြစ်ရပါမယ်

ဒီ 3ချက်နဲ့ကိုက်ညီရင် အဲ့ဒီမျက်နှာသစ်မျိုးကို ဆွဲသာစိလိုက်တော့နော်~

Nyi ဒီနေ့ review ပေးမှာ အပေါ်က 3ချက်နဲ့ ကိုက်ညီရုံမက budget save လဲ ဖြစ်တဲ့ Jeju Skin all in one cleansing foam လေးပါ။ သူ့မှာက Lavender extract, Aloe Vera နဲ့ Niacinamide တို့ကို အဓိကထည့်သွင်းပြီး ပြုလုပ်ထားတယ်။ Brightening, Whitening, Moisturizing စတဲ့ benefits တွေ ရစေမယ်ပေါ့နော်။

ဒီမျက်နှာသစ်လေးက ရှေ့မှာလဲ Nyi တခါရေးဖူးပေမယ့် နွေရာသီနဲ့ အရမ်းအဆင်ပြေမယ်ထင်လို့ ထပ်ပြီးရေးဖြစ်ပါတယ်။ Texture တွေ Foamy ဖြစ်တဲ့အပိုင်းတွေ Nyi သုံးပြထားတဲ့ Vd ထဲမှာ သေချာလေးမြင်ရမယ် ထင်ပါတယ်။ သူ့အနံ့က lavender နံ့လေး အနံ့မစူးသလို အနံ့ဆိုးတဲ့ထဲလဲ မပါပါဘူး။ အမြုပ်အရမ်းထွက်တဲ့ထဲ မပါသော်လဲ သုံးလို့အဆင်ပြေရုံလောက်တော့ ထွက်တယ်ပေါ့နော်။ Nyi သဘောကျတာတော့ သူ့သုံးနေတဲ့အချိန်အတွင်းမှာ chemicals များတဲ့၊ အသားအရေအတွက် ပြင်းတဲ့ခံစားချက်မျိုး လုံးဝမရတာပဲ။ ရေဆေးချလိုက်ရင်လဲ မျက်နှာက hydrated ဖြစ်ပြီး သင့်တင့်တဲ့အစိုဓာတ် ကျန်နေခဲ့တယ်။ ချွဲကျိကျိဖြစ်တာ ဂျေးမပြောင်တာမျိုး မတွေ့ရပါဘူး။ Niacinamide ပါလို့ စွဲသုံးရင် brightening effect ကိုလဲ သေချာပေါက်ရလိမ့်မယ်။

သူ့စျေးတန်းမှာ Nyi တော့ တော်တော်လေးသုံးသင့်တဲ့ မျက်နှာသစ်တခုလို့ မြင်ပါတယ်။ အရမ်းလဲ အသုံးခံတယ် နဲနဲလေးထည့်သုံးရုံနဲ့ အဆင်ပြေတာကိုး။ All skin types သုံးလို့အဆင်ပြေပေမယ့် အထူးသဖြင့် မျက်နှာသစ်ပြီးသွားရင် စိတ်ကလန်းသွားတာမျိုး ကြိုက်တယ်၊ စျေးအရမ်းမများဘဲနဲ့ Quality စိတ်ချရတာမျိုး လိုချင်တယ်၊ နွေရာသီအတွက် deep cleansing သေချာဖြစ်တာမျိုး သုံးချင်တယ်ဆိုရင် try ကြည့်ပါခင်ဗျာ။ သုံးရကျိုးနပ်မယ့် မျက်နှာသစ်တခုလို့ ပြောနိုင်ပါတယ်။

လိုအပ်လို့ ဝယ်ချင်တယ်ဆိုရင် 🛒 JEJU SKIN ကနေ မှာယူလို့ရပါတယ်။

Disclaimer : Collaboration ē JEJU SKIN

#jejuskin #jejuskinallinonecleansingfoam #reviewbynyi #nyipick #nyipickcleanser

image