5 w - Translate

အဲဒီတော့ ခုနတုန်းက ပြောသလို လုပ်အားသွင်း ရတယ် ။ တန်ဖိုးသုံးမျိုးမှာ ပင်ကိုတန်ဖိုး တက်လာအောင် လုပ်ရတယ် ။ မြတ်နိုးမှုတန်ဖိုးတင် ရပ်မနေဘဲနဲ့ အဖေမို့လို့ ချစ်တယ် ၊ အမေမို့လို့ ချစ်တယ် ၊ အမေ အဖေက ကိုယ့်သားမို့လို့ ချစ်တယ် ၊ သမီးမို့လို့ ချစ်တယ် ။ အဲဒါမျိုးနဲ့ ရပ်မနေဘဲ ပင်ကိုတန်ဖိုး တက်လာအောင် လုပ်ရတယ် ။
ပင်ကိုတန်ဖိုး တက်လာအောင် လုပ်အားသွင်းပေးရတယ် ။ လုပ်အားသွင်းနိုင်လေ ၊ သွင်းနိုင်လေ တန်ဖိုး တက်လေလေပဲ ။ စောစောကပြောတာ မှတ်မိမှာပေါ့ ၊ လောက်စာလုံး လုံးတာနဲ့ တန်ဖိုးတက်သွားတာ ။ လုပ်အားများသွားတာကိုး ၊ ဟုတ်ဘူးလား ။ အဲဒီက ပိုပြီးတော့ အိုးပုတ်တို့ ၊ ချိုးရုပ်တို့ ဘာတို့ညာတို့ စသည်အားဖြင့် လုပ်လိုက်တဲ့အခါ တန်ဖိုးပိုတက်သွားတာ ။ အဲဒီတော့ ပင်ကိုတန်ဖိုး တက်လာအောင် လုပ်ရတယ် ။ လူတစ်ယောက်မှာ အဲဒါ သိပ်အရေးကြီးတယ် ။
#အောင်သင်း

image