၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခုဟာ ၆လသားအရွယ် အော်စကာအမည်ရှိတဲ့ ကြောင်ကလေးတစ်ကောင်ကို နှစ်သိမ့်ဖော်အဖြစ် မွေးစားခဲ့ပါတယ်။ ဒါပေမယ့် ဂေဟာဝန်ထမ်းတွေဟာ ထူးခြားတဲ့အချက်တစ်ခုကို သတိပြုမိခဲ့ကြပါတယ်။
အော်စကာဟာ များသောအားဖြင့် တစ်ကောင်တည်း သီးသန့်နေတတ်ပေမယ့် တစ်ခါတစ်ရံမှာ ဂေဟာက လူနာတစ်ယောက်ရဲ့ အိပ်ရာပေါ်ကို တက်ပြီး ဘေးနားမှာ ကွေးကွေးလေး ဝင်အိပ်တတ်တယ်။
ထိတ်လန့်စရာကောင်းတဲ့အချက်က အော်စကာ ဝင်ကွေးအိပ်တဲ့ လူနာဟာ များသောအားဖြင့် နာရီပိုင်းအတွင်း သေဆုံးတတ်တာပါပဲ။
အစပိုင်းမှာ ဝန်ထမ်းတွေက ဒီအချက်ကို သိပ်ပြီး သတိမထားမိခဲ့ကြပေမယ့် အကြိမ် (၂၀) လောက် ထပ်ခါတလဲလဲ ဖြစ်လာတော့ အော်စကာဟာ လူတစ်ယောက် သေဆုံးခါနီးအချိန်ကို သိနိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဒါကြောင့် ကြောင်ကလေးဟာ လူနာတစ်ယောက်ရဲ့ ဘေးမှာ ရှိနေတာကို သတိထားမိတာနဲ့ ၎င်းတို့ဟာ လူနာရဲ့ ချစ်ခင်ရသူတွေဆီ အကြောင်းကြားလေ့ရှိပါတယ်။
သုတေသီတွေက အော်စကာဟာ သေဆုံးခါနီး ဆဲလ်တွေက ထုတ်လွှတ်တဲ့ ဇီဝဓာတုပစ္စည်းတွေရဲ့ အနံ့ကို ရနိုင်ပြီး အထီးကျန်ဆန်နေတဲ့ လူနာတွေကို နှစ်သိမ့်ပေးတာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
တစ်ကြိမ်မှာ ဝန်ထမ်းတွေက လူနာတစ်ယောက် သေဆုံးတော့မယ်လို့ ယူဆခဲ့ပေမယ့် အော်စကာက အဲ့ဒီလူနာအနားမှာ ထိုင်ဖို့ ငြင်းဆန်ခဲ့တယ်။ အဲ့ဒီအစား ပိုပြီးကျန်းမာပုံရတဲ့ အခြားလူနာတစ်ယောက်ကို ရွေးချယ်ခဲ့ပြီး အဲ့ဒီလူနာက အရင်သေဆုံးသွားခဲ့ပါတယ်။
အော်စကာဟာ ၂၀၂၂ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီး သူ့ရဲ့ သက်တမ်းတစ်လျှောက် လူပေါင်း (၁၀၀) ကျော်ရဲ့ သေဆုံးချိန်ကို တိကျစွာ ခန့်မှန်းနိုင်ခဲ့ပါတယ်။
#knowledge
