“Mickey 17” ဟာ Box Office မှာ $19 သန်းနဲ့ ထိပ်ဆုံးမှာနေရာယူထားပေမယ့် အရင်းမကျေသေးပါဘူး။
Rebecca Rubin ရေးသားထားတဲ့ ဆောင်းပါးအရ “Mickey 17” ဟာ သိပ္ပံဇာတ်လမ်းဟာသဇာတ်ကားဖြစ်ပြီး Robert Pattinson က ဇာတ်ကောင်မျိုးစုံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားဟာ ပြည်တွင်း box office မှာ ရုံတင်ရက်သတ္တပတ်အတွင်း $19.1 သန်းနဲ့ ထိပ်ဆုံးမှာနေရာရခဲ့ပြီး ရုံပေါင်း 3,807 ရုံမှာ ပြသခဲ့ပါတယ်။ သို့ပေမယ့် Warner Bros. မှ ထုတ်လုပ်ထားတဲ့ ဒီဇာတ်ကားဟာ $118 သန်း ကုန်ကျခဲ့ပြီး၊ Si-Fi ဇာတ်လမ်းတစ်ခုအတွက် အလွန်များပြားတဲ့ ကုန်ကျစရိတ်လည်းဖြစ်ပါတယ်။
အရင်းသာမကျေလို့ကတော့ WB တို့ခေါင်းကွဲဦးမှာကျိန်းသေပါပဲ။ ဒါက အန္တရာယ်များတဲ့ စွန့်စားမှုတစ်ခုပဲလို့ပြောလို့ရပါမယ်။
တစ်ဖက်မှာလည်း “Mickey 17” က R-rated ဇာတ်ကားဖြစ်ပြီး ဝေဖန်သူတွေနဲ့ ပရိသတ်တွေထံမှာ ရောထွေးတဲ့ တုံ့ပြန်မှုတွေ ရရှိထားပါတယ်။ CinemaScore မှာ “B” အဆင့်နှင့် Rotten Tomatoes မှာ 79% ရမှတ်ရရှိထားပါတယ်။ ဒီရလဒ်တွေက Mickey 17” အတွက် ကြာရှည်အောင်မြင်မှုရရှိနိုင်မှာတော့မဟုတ်ပါဘူး။
နိုင်ငံတကာ ဝင်ငွေမှာတော့ “Mickey 17” က နယ်မြေ ၆၆ ခုမှာ $25.4 သန်း ရရှိခဲ့ပြီး တောင်ကိုရီးယားမှာ စတင်ပြသခဲ့ပါတယ်။ လက်ရှိအချိန်ထိ ပြည်ပမှ $34.2 သန်းနဲ့ ကမ္ဘာတစ်ဝှမ်းမှ $53.3 သန်း ရရှိထားပြီးပါပြီ။
“Mickey 17” ကို “Parasite” ဇာတ်ကားနဲ့ အော်စကာဆုရှင် ဖြစ်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့နောက်ထပ်လက်ရာတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Edward Ashton ရဲ့ “Mickey 17” ဝတ္ထုကို ပြန်လည်ဖန်တီးထားပြီး၊ Robert Pattinson ကို ဗားရှင်းမျိုးစုံနဲ့ တွေ့ရမှာဖြစ်ပါတယ်။
ဒီအလုပ်သမားကို အန္တရာယ်များတဲ့ နေရာတွေမှာ စွန့်စားခန်းတွေဖွင့်ခိုင်းပြီး အကြိမ်ကြိမ်သေဆုံးရင်းက၊ ပုံတူပွားပြီး အစားထိုးခိုင်းထားရာကနေ ပုံတူတွေကနေ ပြသာနာတွေဖြစ်လာတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ Steven Yeun၊ Naomi Ackie၊ Toni Collette နဲ့ Mark Ruffalo တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
“Mickey 17” သည် ပြည်တွင်း box office တွင် ထိပ်ဆုံးနေရာယူထားပေမယ့် ဒီရက်တွေအတွင်းမှာ အရင်းကျေအောင်ရှာနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်။

image