Perfume: The Story of a Murderer (2006)
ဂျင်းဗတ္တိစ်ဂရန်နျူရီက ပဲရစ်မြို ငါးစိမ်းတန်းမှာ မွေးဖွားခဲ့တဲ့ အနံ့ခံကောင်းတဲ့ ပါရမီရှင်လေးပါ။ သူ့ရဲ့ပါရမီက ဘုရားက အပ်နှင်းတဲ့ လက်ဆောင်လိုပဲဆိုရမလား ကျိန်စာလိုပဲဆိုရမလား၊ သူရဲ့ အနံ့ခံပါရမီကြောင့် မွေးမွေးချင်းမှာတင် သူ့အမေက ကြိုးစင်ပေါ်တက်လိုက်ရပါတယ်။
ဒီလိုနဲ့ မိဘမဲ့ဂေဟာ ရောက်သွားပြီး ထိုကနေမှတဆင့် စက်ရုံတစ်ခုမှာ ကျွန်အဖြစ်ရောင်းစားခံလိုက်ရပါတယ်။ ဂရင်းမဲ သားရေသန့်စင်စက်ရုံမှာ အလုပ်လုပ်ရင်း မြိုထဲမှာ ပစ္စည်းသွားပိုနေတုန်း အလွန်တရာကို ထူးခြားတဲ့ အနံတစ်ခုကို ရလိုက်ပါတော့တယ်။
ထိုအနံ့ကတော့ မိန်းကလေး တစ်ယောက်ကို သတ်လိုက်ပြီး ထွက်ပေါ်လာတဲ့ အနံ့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ မိန်းကလေးတွေကို သတ်ပြီး ရတဲ့အနံ့ကို အလွန်စွဲလန်းသွားပြီး ရေမွှေးလုပ်ဆွတ်ဖိုအတွက် ကြိုးစားပါတော့တယ်။ သူ ဘယ်လို မိန်းကလေးတွေကို သတ်မလဲ၊ ရေမွှေးကို ဘယ်လိုဖန်တီးမလဲ၊ မိန်းကလေးတွေ လွတ်မြောက်နိုင်ပါ့မလား၊
