စည်းကမ်း = Discipline
မှန်မှန်ကန်ကန်လုပ်ခြင်း = Constancy
စည်းကမ်းရှိတာနဲ့အချိန်မှန်တာပေါင်းရင်ရလဒ်ကောင်းရနိုင်တယ် ဆိုတာကိုလူတွေကလွယ်လွယ်လေးလုပ်နိုင်ရဲ့သားနဲ့ လိုက်မလုပ်နိုင်တာကိုတွေ့ရပါတယ်။မြတ်စွာဘုရားတောင်မှလေးအသေင်္ခချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံအားထုတ်ပြီးမှ ရရှိနိုင်တာပါ။ကျွန်တော်တို့သာမန်လူသားတွေကို ကိုယ်လိုချင်တဲ့ ဘဝကို တစ်ခါထဲရတဲ့ဘဝမှာရဖို့မကြိုးစားပဲ အချိန်တွေအလကားအကုန်ခံနေကြရတယ်။
ဒီစာကတော့ ဘယ်သူပဲဖြစ်ဖြစ် အခုမှစလုပ်ဖို့ကြိုးစားနေတဲ့လူတွေအတွက်ပါ။ဉပမာ ကိုယ်က ဝနေတယ် လိုချင်တဲ့ Body goal လဲရှိတယ်ဆိုရင် ဘာလုပ်ရမလဲ Gym သွားဖို့ပါပဲ အကြီးမားဆုံး goal ကဘာလဲ ဘာဖြစ်ချင်တာလဲသိထားရမှာပါ။Gym ကိုတစ်နေ့သွားလို့ ပေါင်၃၀ လောက်ဘယ်သူမှမကျပါပဲ Time = Constancy နှစ်ခုကို အကျိုးရှိရှိအသုံးချပြီးတော့ Discpline ကောင်းကောင်းနဲ့လုပ်မှလိုချင်တဲ့ Body ရနိုင်မှပါ။
ဒီလိုပါပဲ ဘဝမှာလဲ ကိုယ်ကဘာဖြစ်ချင်လဲဘာလုပ်ချင်လဲ ပြတ်သားတဲ့ ပန်းတိုင်ထားပါ။ပန်းတိုင်ကိူမရောက်မချင်းဖြည်းဖြည်းနဲ့မှန်မှန်သွားပါ။ရပ်တန့်လိုက်မှသာ ကျရှုံးတာပါ ဆက်သွားနေရင် မကျရှုံးပါဘူး။ စည်းကမ်းရှိခြင်းနဲ့ အချိန်မှန်လုပ်ဆောင်ခြင်းက ဘဝမှဦ အောင်မြင်မှုရရှိရန် အရေးပါသော လျှို့ဝှက်ချက်နှစ်ရပ်ပင် ဖြစ်ပါတယ်။ လူငယ်တွေအတွက်ကလည်း ရည်မှန်းချက်မြင့်မြင့်ထားဖို့လိုပါတယ်။ကိုယ့်ကိုယ်ကိုFocus ထားဖို့ပဲအရေးကြီးပါတယ်။ ကိုယ်ကို့ကိုယ် Improve ဖြစ်အောင်နေမှသာ အသက်ကြီးလာရင် ကိုယ်ကြိုးစားတဲ့ အသီးအပွင့်တွေကိုယ်စားရမှာပါ။
ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ချင်တဲ့ အိမ်မက်ပန်းတိုင်တစ်ခုကို စိတ်ရှည်ရှည်စည်းကမ်းရှိရှိနဲ့ ကြိုးစားသွားရင် ဖြစ်နိုင်ပါတယ်လို့အကြု့ပေးလိုက်ရပါတယ်။
