5 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာလုပ်သား ၁၃၀၀ ကျော်ခေါ်ယူရန် ဂျပန်ကုမ္ပဏီများကမ်းလှမ်းထား
မြန်မာလုပ်သား ၁၃ဝဝ ကျော်ခေါ်ယူရန် ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်တို့က အလုပ်ကမ်းလှမ်းစာပေးပို့ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်း လှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဂျပန်ကုမ္ပဏီ ၄ဝဝ ကျော်အနေဖြင့်မြန်မာအလုပ်သမား အမျိုးသား ၃၅၁ ဦး၊အမျိုးသမီးလုပ်သား ၁ဝ၁၂ ဦး စုစုပေါင်း ၁၃၆၃ ဦးကို ခေါ်ယူရန်အလုပ်ကမ်းလှမ်းစာ ပေးပို့ထားခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သိရသည်။
ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့်စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံးတိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန် ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက်အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိလက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄ဝ၁ ခုနှင့် ပတ်သက်သည့် အချက်အလက်များကို အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ပြင် မြန်မာသံရုံးတိုကျိုမြို့အနေဖြင့် Demand Letter စိစစ်နိုင်ရန်အတွက် စာရွက်စာတမ်းများပေးပို့နိုင်သည့် ဂျပန်ကုမ္ပဏီ ၂ဝ၃ ခု ၏စာရင်းကို မတ် ၁၇ ရက်က ထုတ်ပြန်ထားသည်။

image