5 w - Translate

သူမ၏တုံ့ပြန်မှုများသည် အမြဲလွန်ကဲနေသည်ဟု သင်ထင်ပါက၊ သင့်ကိုယ်သင်လည်း ပြန်လည်သုံးသပ်ရန် အချိန်တန်ပါပြီ။

မိန်းမတစ်ယောက်သည် အကြောင်းမရှိဘဲ ခေါင်းမာလာခြင်း သို့မဟုတ် စိတ်ဆတ်လာခြင်းမျိုး မဖြစ်တတ်ပါ။
- အများအားဖြင့် ထိုသို့ဖြစ်ရခြင်းမှာ သင်က သူမကို ဆက်ဆံပုံနှင့် သက်ဆိုင်နေတတ်ပါသည်။

သင်သည် သူမ၏ အပြစ်အနာအဆာများကို အသေးစိတ်မြင်နေပြီး သူမ၏အမှားများကို ထောက်ပြနေချိန်တွင် သင့်ရဲ့အမှားများကိုရော လျစ်လျူရှုထားပါသလား။
- သင်သည် သူမကို မျှတစွာ ဆက်ဆံခဲ့ပါသလားဟု သင့်ကိုယ်သင် ပြန်မေးရပါမည်။

သင်ကို လေးစားမှုမရှိဘဲ၊ ဂရုမစိုက်ဘဲ၊ အာရုံမစိုက်ဘဲ ဆက်ဆံနေပါက၊ ပြဿနာသည် သူမတစ်ယောက်တည်းက လာသည် မဟုတ်ပါ။
- သင့်ကိုယ်တိုင်ရဲ့အပြုအမူကို မဆန်းစစ်ဘဲ ကျန်ထားခဲ့ပြီး သူမကိုသာ ဝေဖန်ခြင်းမျိုး မလုပ်သင့်ပါ။

မိန်းမတစ်ယောက် သင့်ကို အပြည့်အဝ ချစ်ခင်လာစေလိုပါက...သူမ၏ ယုံကြည်မှုနှင့် လေးစားမှုကို ထိန်းသိမ်းနိူင်ရန် လိုအပ်ပါသည်။
- သူမ သင့်ထံကလိုချင်သည်မှာ သင်သည်အပြစ်ကင်းသူ တစ်ယောက် ဖြစ်ခြင်းမျိုး မဟုတ်ဘဲ ၊ သူမအား စကားဖြင့်ဖြစ်စေ အပြုအမူဖြင့်ဖြစ်စေ တန်ဖိုးထားမှုသာဖြစ်သည်။

သူမကို မကောင်းသော အပြု့အမှုများ ရှိသူလို့ သင်ထင်နေပါက...
- လက်တွဲဖော်တစ်ယောက်ရဲ့ အရေးပါမှုကို သင်နားမလည်သေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
- တစ်စုံတစ်ယောက်ကို အပြစ်တင်မည်​ပြုတိုင်း မိမိအပြစ်ကိုလည်း ပြန်လည်သုံးသပ်ရန် လိုပါသည်။

Saya U Khin Zaw ( ဘာသာပြန် )
#crd

image