23 w - Translate

ပေပင် (သို့မဟုတ်) ကမ္ဘာပေါ်တွင် အကြီးဆုံးပန်းခိုင် (The largest palms)

ပေပင်သည် Corypha မျိုးစိတ် ၅မျိုးထဲမှ မျိုးစိတ်ဝင်အပင်တစ်မျိုးဖြစ်ပြီး အင်္ဂလိပ်အမည် talipot palm လို့ခေါ်ဆိုကြပါသည်။

အပူပိုင်းရာသီဥတုရှိသည့် အာဖရိက၊ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် အန်ဒမန်ကျွန်းများတွင် ပေါက်ရောက်ရှင်သန်ဖြစ်ထွန်းကြသော ထန်းပင် မျိုးစိတ်ဖြစ်ပါသည်။

၎င်းသည် ကမ္ဘာပေါ်တွင် အပွင့်အများဆုံးရှိသော ပန်းပွင့်အပင်ဖြစ်သည်။ ပန်းများနှင့်အသီးများမဖြစ်ထွန်းမီနှစ် 60 အထိအသက်ရှင်ကြပါသည်။

ပေပင်သည် မြန်မာနိုင်ငံအချို့နေရာများနှင့် အပူပိုင်းဒေသဖြစ်သော အညာဒေသတို့တွင်တော့ အများအပြား တွေ့ရပါသည်။

ရှေးခေတ်အခါက စာပေရေးသားရန်အတွက် ပေရွက်များကို အမျိုးမျိုး ပုံသဏ္ဌာန်ပြုလုပ်ကာ အသုံးပြုခဲ့ကြကြောင်း ရှေးခေတ်စာပေများ၌ တွေ့ရနိုင်ပါသည်။ ယခုအချိန်ထိ အချို့ အညာဒေသများတွင် ပေရွက်ကို အသုံးပြုနေကြတုန်းပါ။

အပွင့်ပွင့်ရင်အကိုင်းအခက်တစ်ခုမှာ ပန်းပွင့်ပေါင်း သန်းနဲ့ချီပြီး ပွင့်တတ်ပါတယ်။ အရွက်ပမာဏကြီးပြီး တစ်ပင်မှာ အရွက်ပေါင်း ရာနဲ့ချီရှိတတ်ပါတယ်။

ပေပင်သီး ရင့်မာဖို့ကြတော့ အချိန် တစ်နှစ်ခန့် စောင့်ရပါတယ်။ ပေသီးဟာ ဆေးဖက်လည်းအသုံးဝင်သလို ပုတီးအဖြစ်လည်း ပြုလုပ်ပြီး အသုံးပြုကြပါသည်။ ထိုအပြင် ပေပင်ကထွက်တဲ့အရည်ကို ဝိုင်အဖြစ်လည်း ပြုလုပ်ကြပါတယ်။

အာဖရိကနှင့် အိန္ဒိယတောင်ပိုင်းမှာ အဲဒီ ဝိုင်ကို တွေ့ရပါတယ်။ သူတို့အခေါ် "Kallu" လို့ခေါ်ပါတယ်။

"ပေတစ်သီး ကျီးတစ်သား" ဆိုသည့် မြန်မာဆိုရိုးစကားကို ကြားဖူးပါလိမ့်မယ်။

ထူးခြားတာက ပေပင်ဟာ ပန်းပွင့်ပြီးနောက် ခြောက်သွေ့ကာ သေဆုံးတတ်ကြပါတယ်။

ပေပင်ဟာ အသီးသီးချိန် အရမ်းလှတဲ့ အပင်ဖြစ်ပါတယ်။ သီးတဲ့ ပေသီးတွေကလည်း တစ်ပင်ထဲမှ ရသော အသီးလို့မထင်ရအောင် အများအပြားသီးပါသည်။ အသီးသီးတာကုန်တော့ အရွက်သစ်မထိုးပဲ မတ်တပ်ကြီးချောက်ပြီး သေ
ဆုံးသွားပါတယ်။

ပေပင်ဟာ သက်တမ်းတစ်ခုမှာ အသီးတစ်ကြိမ်သာ သီးပြီး သေဆုံးသွားတယ်။ ကျီးကတော့ တစ်သားမွေးပြီး သေလား၊ မသေလားတော့ သေချာမသိပါ။

image
image
image
image