အင်္ဂလန်အတွက်ကတော့ အသင်းရဲ့တိုက်စစ်ကို ထမ်းပိုးပေးနိုင်မယ့် ဒေါက်တာလေးရက်ဖို့ဒ်ကတော့ ပြန်လာခဲ့ပါပြီ။ ဗီလာကို ရောက်ပြီးနောက်မှာ ပြန်လာခဲ့တာပါ။
ငယ်မွေးခြံပေါက်အသင်းကနေ ထွက်ခွာလာတဲ့ ဒေါက်တာလေးအတွက်တော့ အသင်းပြောင်းရတာ ခြေစွမ်းကောင်းပြန်ရလာတာအပြင် လက်ရွေးစင်ကိုလည်း ပြန်လာပြီဆိုတော့ အတော်လေးကို အကျိုးများတာပါ။
နည်းပြသစ်တူချယ်ရွေးချယ်တဲ့ စာရင်းထဲမှာ ရက်ဖို့ဒ်က အင်္ဂလန်အသင်းအတွက် ပထမဆုံးပြန်လည်ရွေးချယ်ခံရတာပါ၊ လက်ရွေးစင်အတွက် ပြန်လည်လုပ်ပြခွင့်ရတော့မယ့် ရက်ဖို့ဒ်အတွက် ဝမ်းသားစရာပါပဲ။
